Your cart is currently empty!
Galaxy S26 Ultra မှာ မှန်ကပ်မလိုဘဲ Privacy စနစ်ကို အဖွင့်အပိတ် လုပ်နိုင်တော့မလား?
ဖုန်းသုံးနေရင်း ဘေးလူချောင်းကြည့်မှာ စိုးရိမ်တတ်သူတွေအတွက် Samsung က Sci-Fi ဆန်ဆန် Feature တစ်ခုကို ပြင်ဆင်နေပုံရပါတယ်။ အခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ OneUI Setting ထဲမှာ “Privacy Display” ဆိုတဲ့ option အသစ်တစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။
သီးသန့် Privacy မှန်ကပ် ကပ်ထားစရာမလိုဘဲ ဘေးတိုက် (Side View) ကနေ ကြည့်ရင် ဖုန်း Screen ကို သေချာမမြင်ရအောင် ပြုလုပ်ပေးမယ့် စနစ်ပါ။
အခု Feature ရဲ့ အမိုက်ဆုံးအချက်ကတော့ လိုအပ်တဲ့အချိန်မှာပဲ Privacy Mode ကို ဖွင့်သုံးနိုင်ပြီး၊ ရုပ်ရှင်ကြည့်တာမျိုး ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အတူတူကြည့်ရမယ့်အချိန်မျိုးမှာ ပြန်ပိတ်ထားလို့ ရနေတာပါပဲ။
Samsung ဟာ Display လောကရဲ့ ဘုရင်ဖြစ်တာကြောင့် ဒါဟာ အမှန်တကယ် ဖြစ်လာနိုင်ခြေရှိပါတယ်။ ပညာရှင်တွေ ခန့်မှန်းထားတာကတော့ –
Electrochromic (သို့) PDLC Technology လိုမျိုး ကားတွေရဲ့ Sunroof နဲ့ မှန်တွေမှာ သုံးသေ့လိုမျိုး လျှပ်စစ်ဓာတ်အား (Electric Charge) ပေးလိုက်တာနဲ့ မှန်ရဲ့ ပွင့်လင်းမြင်သာမှုကို ထိန်းချုပ်ပြီး Auto Dim ဖြစ်သွားစေတဲ့ နည်းပညာမျိုး ဖြစ်နိုင်ပါတယ်။
Galaxy S24 Ultra နဲ့ S25 Ultra တွေမှာတောင် Reflection (အလင်းပြန်ခြင်း) ကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့တဲ့ Samsung အနေနဲ့ ဒီ Privacy Display ကို အောင်အောင်မြင်မြင် ထည့်သွင်းပေးနိုင်မလားဆိုတာကတော့ ရင်ခုန်စရာပါပဲ။ တကယ်လို့သာ ပါလာခဲ့ရင်တော့ Privacy မှန်ကပ်တွေရဲ့ ခေတ်က ကုန်ဆုံးသွားနိုင်ပါတယ်။






