Galaxy Z Fold Special Edition ကို ဝမ် ၄ သန်းနီးပါး (ဒေါ်လာ ၂,၄၀၀ ကျော်) နဲ့ရောင်းချနေတာပါ။


Samsung က မကြာသေးခင်ကမှ ကိုရီးယားနဲ့ တရုတ်ဈေးကွက်အတွက် သီးသန့်ထုတ်လုပ်ခဲ့တဲ့ Galaxy Z Fold Special Edition ကို ဝမ် ၄ သန်းနီးပါး (ဒေါ်လာ ၂,၄၀၀ ကျော်) နဲ့ရောင်းချနေတာပါ။



နည်းပညာကျွမ်းကျင်သူတွေနဲ့ သတင်းရင်းမြစ်အချို့ရဲ့ အဆိုအရ Samsung ဟာ ဒီဖုန်းမှာ Ultra-thin Display လို့ခေါ်တဲ့ အရင်ကထက် ပိုမိုပါးလွှာပြီး ခေါက်ရာမထင်တဲ့ နည်းပညာအသစ်တွေကို သုံးထားပါတယ်။



Titanium Frame နဲ့ ပစ္စည်းအရည်အသွေးကို အကောင်းဆုံးတွေ သုံးထားပြီး ဒီလိုနည်းပညာအသစ်တွေကို အစမ်းထုတ်လုပ်ရတဲ့ စရိတ် (R&D Cost) ဟာ အလွန်မြင့်မားတာကြောင့် ရောင်းဈေး ဒေါ်လာ ၂,၄၀၀ ဆိုတာဟာ ကုမ္ပဏီအတွက် အမြတ်ထက် ဈေးကွက်ဝေစု ပြန်ရဖို့နဲ့ နည်းပညာပြသဖို့ (Marketing Strategy) ကိုသာ ဦးတည်ထားတာကြောင့် ‘အရှုံးခံရောင်းသည်’ ဟု တင်စားကြခြင်း ဖြစ်ပါတယ်။



Huawei က ကမ္ဘာ့ပထမဆုံး သုံးခေါက်ချိုးဖုန်း Mate XT ကို ဒေါ်လာ ၂,၈၀၀ ဝန်းကျင်နဲ့ ရောင်းချလိုက်တဲ့အခါမှာ Samsung ကလည်း သူတို့မှာလည်း ဒီထက်သာတဲ့ နည်းပညာရှိကြောင်း သက်သေပြဖို့ အပြိုင်အဆိုင် ကြိုးစားလာတာပါ။

Samsung ရဲ့ သုံးခေါက်ချိုး (Tri-Fold) အစစ်အမှန်ဟာ ၂၀၂၅ ခုနှစ် အတွင်းမှာ ထွက်လာဖို့ ရှိနေပြီး အဲ့ဒီဖုန်းရဲ့ ထုတ်လုပ်မှုစရိတ်ဟာလည်း လက်ရှိရောင်းဈေးထက် ပိုမိုမြင့်မားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။



Samsung အနေနဲ့ အရှုံးခံပြီး ဈေးလျှော့ရောင်းတာမျိုးထက်၊ Apple မဝင်လာသေးတဲ့ ခေါက်ဖုန်းဈေးကွက်မှာ “Premium အကျဆုံးအမှတ်တံဆိပ်” အဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ အခုလို ဈေးကြီးပေးရတဲ့ ဖုန်းတွေကို နည်းပညာအစွမ်းပြ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။


Latest