Your cart is currently empty!
Samsung ရဲ့ အဆင့်မြင့်ဆုံး နည်းပညာတွေနဲ့ ဖန်တီးထားတဲ့ သုံးခေါက်ချိုးဖုန်း Galaxy Z TriFold ကို တောင်ကိုရီးယားဈေးကွက်မှာ ရောင်းချမှု ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။ ဒီဖုန်းဟာ Samsung ရဲ့ နည်းပညာစွမ်းပကားကို ပြသဖို့အတွက်သာ ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဈေးကွက်ထဲမှာ ကာလတိုတစ်ခုသာ ရှိခဲ့တာပါ။ ထုတ်လုပ်မှုစရိတ် ကြီးမားလွန်းတာကြောင့် စီးပွားရေးအရ တွက်ခြေမကိုက်ဘဲ အရှုံးပေါ်ခဲ့တဲ့ မော်ဒယ်တစ်ခုလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဖုန်းအစိတ်အပိုင်းဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဒီဖုန်းကို ဆက်လက်ထုတ်လုပ်ဖို့ မဖြစ်နိုင်တော့ဘဲ အရေအတွက်အနည်းငယ်သာ ရောင်းချခဲ့ရတာပါ။ ဈေးကွက်ထဲမှာ ဝယ်ယူဖို့ခက်ခဲသွားတာကြောင့် တစ်ပတ်ရစ်ဈေးကွက်မှာတောင် မူရင်းဈေးထက် အဆမတန် မြင့်တက်နေတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ သုံးခေါက်ချိုးဖုန်းလောကကို ဦးဆောင်ပြခဲ့တဲ့ Samsung အနေနဲ့ နောက်ထပ်မျိုးဆက်သစ်တွေကို ဆက်လက်ထုတ်လုပ်လာမလားဆိုတာကတော့ စိတ်ဝင်စားစရာ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။






