Game မြို့တော် တည်ဆောက်လိုက်တဲ့ Mr. Beast

Mr.Beast ကိုတော့ မသိတဲ့သူမရှိဘူးလို့တော့ထင်ပါတယ်။ ကမ္ဘာကျော် YouTuber ထဲမှာပါတဲ့အပြင် ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်တဲ့သူလည်းဖြစ်ခဲ့ပါတယ်။

သူဟာ Game တွေဖန်တီးတဲ့နေရာမှာတော်သူဖြစ်ပြီး ငွေကိုလည်းရေလိုသုံးနိုင်တဲ့သူဖြစ်ပါတယ်။
အခုဆိုရင် သူ့ Game ပြိုင်ပွဲတွေကို Public လိုနေရာတွေမှာမလုပ်တော့ပဲ ဒေါ်လာ ၁၄ သန်းတန် Game မြို့တော်ကြီးတည်ဆောက်ပြီး ဒီနေရာမှာ Game ပြိုင်ပွဲတွေ ဆက်ကျင်းပဖို့ လုပ်သွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲအတွက် ဒေါ်လာ သန်း ၁၀၀ ကျော် အသုံးပြု ပြိုင်ပွဲမှာ အနိုင်ရရှိသူများကိုတော့ ဒေါ်လာ ၅ သန်းဆိုတဲ့ အမြင့်ဆုံးဆုကြေးကိုပေးသွားမှာဖြစ်တဲ့အကြောင်းကို လူမှုကွန်ယပ်တစ်ခုဖြစ်တဲ့ X စာမျက်နှာမှာကြေငြာခဲ့တာဖြစ်ပါတယ်။
အစီစဥ်ကိုတော့ စတင်ပြသနေပြီဖြစ်ပြီး ဒါဟာ Game ပြိုင်ပွဲတွေထဲမှာ အကြီးဆုံး Game ကစားပွဲဖြစ်တယ်လို့ Prime ရဲ့ ထုတ်လုပ်သူတွေက မှတ်ချက်ပေးထားပါတယ်။

Latest