Your cart is currently empty!
Google က Pixel 10 စမတ်ဖုန်းစီးရီးအသစ်ကို မိတ်ဆက်
Google ဟာ Gemini AI ကို ထည့်သွင်းထားတဲ့ Pixel 10 စမတ်ဖုန်းစီးရီးအသစ်ကို သြဂုတ်လ ၂၀ ရက်နေ့မှာ စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီ Made by Google ပွဲကို New York မြို့၊ Brooklyn မှာ ကျင်းပခဲ့တာပါ။
မော်ဒယ်တွေကတော့ Pixel 10၊ Pixel 10 Pro၊ Pixel 10 Pro XL နဲ့ Pixel 10 Pro Fold တို့ကို မိတ်ဆက်ခဲ့ပါတယ်။
ဒီဖုန်းအားလုံးမှာ Google ရဲ့ Tensor G5 Chipset အသစ်ကို အသုံးပြုထားပါတယ်။
Gemini AI နဲ့ ကင်မရာ features အသစ်တွေ အများအပြား ပါဝင်လာပါတယ်။
Pixel 10 ရဲ့ Base မော်ဒယ်ကို ၇၉၉ ဒေါ်လာကနေ စတင်ရောင်းချမှာဖြစ်ပြီး၊ Pixel 10 Pro ကတော့ ၉၉၉ ဒေါ်လာကနေ စတင်မှာပါ။
ကြိုတင်မှာယူမှုတွေကို သြဂုတ်လ ၂၀ ရက်နေ့မှာ စတင်လက်ခံနေပြီဖြစ်ပြီး၊ သြဂုတ်လ ၂၈ ရက်နေ့မှာတော့ Google Store နဲ့ လက်လီရောင်းချသူတွေဆီမှာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။
Pixel 10 ကို Indigo, Frost, Lemongrass နဲ့ Obsidian အရောင် ၄ ရောင်နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။






