Google ရဲ့ Gemini AI ဟာ အခုဆိုရင် ကိုယ်ပေးလိုက်တဲ့ စာသားလေးတွေကနေတစ်ဆင့် စက္ကန့် ၃၀ ကြာမြင့်တဲ့ သီချင်းတိုလေးတွေကို ဖန်တီးပေးနိုင်တဲ့ စွမ်းရည်သစ်ကို ပိုင်ဆိုင်လာပါပြီ။

Google ရဲ့ Gemini AI ဟာ အခုဆိုရင် ကိုယ်ပေးလိုက်တဲ့ စာသားလေးတွေကနေတစ်ဆင့် စက္ကန့် ၃၀ ကြာမြင့်တဲ့ သီချင်းတိုလေးတွေကို ဖန်တီးပေးနိုင်တဲ့ စွမ်းရည်သစ်ကို ပိုင်ဆိုင်လာပါပြီ။

ဒီနည်းပညာသစ်ကို Google DeepMind ရဲ့ နောက်ဆုံးပေါ် Music Model နဲ့ ပုံဖော်ထားတာဖြစ်ပြီး လက်ရှိမှာတော့ ဘာသာစကားမျိုးစုံနဲ့ စတင်အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးကို စာနဲ့ ရေးပြရုံတင်မကဘဲ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုတွေကို ပြသပြီးတော့လည်း သီချင်းဖန်တီးဖို့အတွက် လမ်းစရှာခိုင်းလို့ ရပါတယ်။ သီချင်းအတွက် လိုအပ်တဲ့ မျက်နှာဖုံးပုံ (Cover Art) ကိုလည်း Gemini က အလိုအလျောက် တစ်ပါတည်း ဖန်တီးပေးသွားမှာပါ။

ဒီ Feature ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကိုယ့်ရဲ့ ခံစားချက်တွေ၊ အမှတ်တရတွေ ဒါမှမဟုတ် သူငယ်ချင်းတွေကြားက ဟာသလေးတွေကို ဂီတနဲ့ ဖော်ပြရင်း ပျော်ရွှင်စရာ ပုံစံသစ်တစ်ခု ဖန်တီးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ ဂီတအမျိုးအစားနဲ့ ခံစားချက်ကို ပြောပြလိုက်ရုံနဲ့ သီချင်းစာသားရော၊ တူရိယာသံပါ အလိုအလျောက် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

မူပိုင်ခွင့်နဲ့ ပတ်သက်လို့လည်း စိုးရိမ်စရာမလိုအောင် Google က စနစ်တကျ စီစဉ်ထားပါတယ်။ AI နဲ့ ဖန်တီးထားတဲ့ သီချင်းတိုင်းမှာ ခိုးယူလို့မရတဲ့ အမှတ်အသားတစ်ခု ပါဝင်လာမှာဖြစ်သလို၊ တခြား အနုပညာရှင်တွေကို ပုံတူကူးချတာမျိုး မဟုတ်ဘဲ မူရင်းဖန်တီးမှု ဖြစ်အောင် ပြုလုပ်ပေးထားပါတယ်။ နာမည်ကြီး အဆိုတော်တစ်ယောက်ရဲ့ စတိုင်ကို တောင်းဆိုရင်တောင် အဲ့ဒီခံစားချက်ကို အခြေခံပြီး အသစ်စက်စက် တစ်ခုအဖြစ်ပဲ ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ကဲ… အခုပဲ Gemini ထဲဝင်ပြီး သီချင်းလေးတွေ စမ်းစပ်ကြည့်လိုက်ရအောင်။


Latest