Your cart is currently empty!
အကယ်၍ သင်က iPhone ကိုင်ထားပြီး Security Code အတွက် Authentication App တစ်ခုရှာနေတယ်ဆိုရင် ထပ်ရှာနေစရာမလိုဘူးပါဘူး။ အကောင်းဆုံးအရာက သင့်ရဲ့လက်ထဲမှာရှိပြီးသားပါပဲ! Apple ရဲ့ Built-in Passwords App ထဲက “Code” ဆိုတဲ့အပိုင်းမှာ 2FA Code တွေကို အလွယ်တကူရယူသုံးလို့ရပါတယ်။
Passwords App က Password Manager တစ်ခုဖြစ်တာမလို့ သင့်ရဲ့စကားဝှက်တွေကို သိမ်းထားလို့ရပါတယ်။ ဒါတင်မကဘူး၊ Authentication Code တွေကို ဘယ် Password Auto-Fill အကောင့်နဲ့ ချိတ်ဆက်မလဲဆိုတာပါ ရွေးချယ်လို့ရပါတယ်။ တခြား App တွေလို Code ထုတ်ဖို့တင်မဟုတ်ဘူး၊ ပိုစွမ်းဆောင်ရည်မြင့်ပါတယ်။ Apple ဆိုတဲ့အတိုင်း Seamless ဖြစ်တာကတော့ ထည့်ပြောစရာတောင်မလိုပါဘူး။
အားသာချက်တွေ ✅
- Apple Ecosystem ထဲမှာဆိုရင် အကုန်လုံးအဆင်ပြေတယ်။ iCloud အကောင့်တစ်ခုတည်းနဲ့ ဘယ် Apple Device မှာဖြစ်ဖြစ် Sync လုပ်လိုက်ရုံပဲ၊ Password Auto-Fill ပါ သုံးလို့ရသေးတယ်။
- iPhone ပျောက်သွားရင်တောင် စိတ်ပူစရာမလိုဘူး။ တခြား Apple Device မှာ iCloud အကောင့်နဲ့ ဆက်သုံးလို့ရတယ်။ Authentication Code တွေလည်း ပျောက်မသွားဘူး။ Security အတွက်ဆိုလည်း Find My ကနေ iPhone ကို Lock လုပ်လိုက်ရင် ပြီးပြီ။
အားနည်းချက်တွေ ❌
- သင့်မှာ iPhone ဒါမှမဟုတ် Apple Device တစ်ခုခုတော့ လိုမယ်။ Passwords App က Apple Device တွေမှာပဲ ရတာမလို့ပါ။
- iPhone နဲ့ Android ဒါမှမဟုတ် iPhone နဲ့ Windows Laptop တွဲသုံးနေတယ်ဆိုရင် ဒီအက်ပ်က Apple Device ပေါ်မှာပဲအလုပ်လုပ်တာမို့ နည်းနည်းတော့ အဆင်မပြေနိုင်ဘူး။
- iCloud အကောင့်ကို တခြား Apple Device တစ်ခုထဲမှာ ထည့်ထားတာ ပိုစိတ်ချရတယ်။ ဖုန်းမတော်တဆပျောက်သွားရင် အကောင့်ကို ဆက်လက်အသုံးပြုလို့ရဖို့ပါ။
တခြား App အကြံပြုပေးပါဦး ဆိုရင်တော့ ကျွန်တော်အကြိုက်ဆုံးက Google Authenticator ပါပဲ။ ဒါပေမယ့် Gmail အကောင့်ကနေ Backup လုပ်ရတာမလို့ သင့်ရဲ့ Gmail အကောင့်ကို လုံခြုံအောင် ထားဖို့တော့ လိုမယ်နော်။






