Your cart is currently empty!
iPhone ကို Delivery ဖြင့်မှာယူပြီး လာပို့သူကို ဓားဖြင့်ထိုးပြီး ထွက်ပြေးတဲ့ အမှု
ဒီ Case ကတော့ အိန္ဒိယမှာဖြစ်သွားတာဖြစ်ပြီး ဒီလိုမျိုး လုယပ်မှုတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စတင်များပြားလာခဲ့တာဖြစ်ပြီး အိန္ဒိယရဲ့ Delivery Service ကို ချိန်းခြောက်လာနေပါပြီ။
အခုဆိုရင်တော့ အိန္ဒိယမှာ Delivery ပိုတဲ့သူတွေဟာ အပြင်ပို့တဲ့ ဝန်ဆောင်မှုတွေကို ရပ်နားထားပြီး Walk-In သာ လာရောက်ဝယ်ယူဖို့ စာသုံးသူတွေကို မေတ္တာရပ်ခံနေပြီဖြစ်ပါတယ်။
အခု Case ကတော့ Gajanan လို့ခေါ်တဲ့ အမျိုးသားက iPhone ကို Flipkart ကနေ အိမ်ရောက်ငွေရှင်းစနစ်နဲ့ မှာယူခဲ့ပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့မှာတော့ Bharat လို့ခေါ်တဲ့ Delivery သမားက ဖုန်းကို သွားပို့ပေးရင်းနဲ့ Gajanan နဲ့ သူငယ်ချင်း Akash က သူ့ကို သတ်ပြီးမြောင်းထဲမှာပစ်ထားခဲ့ကြောင်းသိရပါတယ်။
Bharat ရဲ့ မိသားစုကတော့ သူ့ကို မတွေ့တာကြောင့် ရဲတိုင်လိုက်တဲ့အခါမှာတော့ Bharat ဖုန်းကို ခြေရာခံပြီးရှာဖွေတွေ့ရှိခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ Gajanan ရဲ့ သူငယ်ချင်း Akash ကိုတော့ ဖမ်းမိသွားပြီး iPhone တစ်လုံးကို ဒီလိုမျိုး စျေးကြီးကြီးမပေးပဲ လိုချင်တာကြောင့် အခုလို သတ်ခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ Gajanan ကတော့ လက်ရှိမှာ ထွက်ပြေးနေတုန်းဖြစ်ပြီး ရဲတွေကလည်း လိုက်လံရှာဖွေနေပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ Delivery သမား Bharat ရဲ့ဖုန်းသာတွေ့ရှိရသေးပြီး အလောင်းကိုတော့ မတွေ့ရသေးဘူးလို့ဆိုပါတယ်။







Leave a Reply
You must be logged in to post a comment.