Your cart is currently empty!

iPhone မှာ ပါဝင်တဲ့ Battery Health ကို ပုံမှန်ထက်ပိုပြီး မြန်မြန် မကျသွားစေမယ့် နည်းလမ်း
iPhone မှာ ပါဝင်တဲ့ Battery Health ကို ပုံမှန်ထက်ပိုပြီး မြန်မြန် မကျသွားအောင် အခုပြောပြပေးမယ့် နည်းလမ်းလေးတွေအတိုင်း လုပ်ထားလိုက်တော့နော်။
1. Background App Refresh ကို Off လုပ်ထားပါ။
Background App Refresh ကို ပိတ်ထားခြင်းအားဖြင့် မလိုအပ်ပဲ နောက်ကွယ်မှာ Run နေတဲ့ App တွေကြောင့် အားကုန်မြန်တော့မှာ မဟုတ်တော့သလို Battery Health ကိုလည်း Save ဖြစ်ရာရောက်ပါတယ်။
2. အခန်းအပူချိန်၊ ရာသီဥတု ပူနေရင် ဖုန်းကို အချိန်လေးနဲ့သုံးပါ။
ရာသီဥတု ပူနေတာမျိုးနဲ့၊ အခန်းအပူချိန်မြှင့်တက်နေတဲ့အခြေအနေမျိုးမှာ ဖုန်းကို အသုံးပြုနေမယ်ဆိုရင် ပုံမှန်ထက် ပိုပူစေတက်သလို အားကုန်မြန်ပြီး Battery Health လည်း မြန်မြန်ကျတက်ပါတယ်။ ဒါ့ကြောင့် အချိန်လေးသတ်မှတ်ပြီး အသုံးပြုသင့်ပါတယ်။
3. Dark Mode ကို အသုံးပြုပေးပါ။
Dark Mode ကိုသုံးမယ်ဆိုရင် ဖုန်း Screen ကြောင့်မျက်လုံးထိခိုက်မှာလည်း မစိုးရိမ်ရသလို အားကုန်မြန်တာကိုလည်း သက်သာစေမှာပါ။
4. Wifi ကိုများများ အသုံးပြုပေးပါ။
Cellular Data နဲ့ Video Call, Online Game အစရှိတဲ့ internet များများသုံးရတဲ့ App တွေအသုံးပြုတယ်ဆိုရင် ဖုန်းပိုပူစေပါတယ်။ ဒါ့ကြောင့် Wifi ကိုသာ များများ အသုံးပြုဖို့ အကြံပေးလိုက်ပါရစေ။
5. အားသွင်းရင်းနဲ့ ဖုန်းမသုံးပါနဲ့။
အားသွင်းရင်းနဲ့ ဖုန်းသုံးတာက အခန့်မသင့်ရင် လူကိုပါ ထိခိုက်စေတတ်သလို ဖုန်းရဲ့ စက်အတွင်းပိုင်းတွေရဲ့ လုပ်ဆောင်ချက်နဲ့ Battery Performance ကိုပါ ထိခိုက်လာနိုင်ပါတယ်။
ဒီအချက်လေးတွေအတိုင်း လိုက်လုပ်မယ်ဆိုရင်တော့ Battery Health ကို ပုံမှန်ထက် ပိုပြီး ကျနိုင်တော့မှာ မဟုတ်တော့ပါဘူးနော်။





