iPhone သုံးရင် အလုပ်ထုပ်မယ့် ကုမ္မဏီ

တရုတ်အစိုးရ ကုမ္မဏီတွေမှာ iPhone သုံးခွင့် ပိတ်
ပင်ထားလိုက်ပြီ !
အခုဆိုရင် တရုတ်အစိုးရပိုင် အင်ဂျင်နီယာလုပ်ငန်းတစ်ခုကတော့ လုပ်ငန်းခွင်အတွင်း iPhone သုံးတာကို ပိတ်ပင်ထားပါတယ်။
တကယ်လို့ ဝန်ထမ်းတစ်ယောက်ယောက်က Apple နဲ့ ပတ်သက်တဲ့ ထုတ်ကုန်တစ်ခုခုကိုယူလာမယ်ဆိုရင် အလုပ်မှ ချက်ချင်းနားခိုင်းမယ်ဆိုတဲ့ အကြောင်းနဲ့အတူ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်းထုတ်တဲ့ ရှောင်းမီတို့ ဟာဝေးတို့ကို သုံးဖို့သာ အားပေးကြောင်းနဲ့ မဝယ်နိုင်ပါက ကိုယ်တိုင် ဝယ်ပေးမှာဖြစ်ကြောင်း ကုမ္မဏီရဲ့ တာဝန်ရှိသူများကပြောခဲ့တာဖြစ်ပါတယ်။
တကယ်တော့ တရုတ်နိုင်ငံက ပြည်တွင်းဖြစ်ကိုသာ အားပေးတဲ့ နိုင်ငံဖြစ်တာကြောင့် နိုင်ငံသားတိုင်းတောင် Google ကို သုံးလို့မရအောင် ပိတ်ထားလိုက်ပြီး Google အစား တခြား Brwosing နည်းပညာတွေနဲ့ အစားထိုးထားတာဖြစ်တာတွေကိုလည်း တွေ့ရမှာပါ။
အလားတူဖြစ်ရပ်တွေအပြင် Tiktok, Facebook တို့ကိုလည်း ပိတ်ထားပြီး ကိုယ်ပိုင်ထုတ်လုပ်ထားတဲ့ App တွေကိုသာအသုံးပြုနေရတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။

Latest