Your cart is currently empty!
iPhone တွေမှာပဲသုံးလို့ရတဲ့ Feature များ
iPhone တွေဆိုတာကလည်း အသစ်အဆန်းတွေသာ သိပ်မလုပ်တာ လုပ်ပြီဆိုရင်လည်း တခြား Brand တွေ လိုက်လို့ မမှီအောင်ကို ကြမ်းတာပါ။
iPhone တွေမှာ အဓိက အသုံးဝင်ဆုံး Feature ကတော့ Appl Ecosystem နဲ့ Security ပိုင်းပါပဲ။ ပုံစံတူ Feature တွေကို တခြားဖုန်းတွေလိုက်လုပ်လာပေမယ့် iPhone မှာတော့ ဒီနှစ်ချက်နဲ့တင် တော်တော်ပြည့်စုံနေတယ်လို့ပြောရပါမယ်။
အခုကတော့ လူကြီးလူငယ်မရွေး၊ ကျန်းမာရေးနဲ့ဆိုင်တာတွေကို လက်တွေ့ အသုံးချနိုင်အောင် Apple က လုပ်လာပြီဖြစ်ပြီး ဒီလိုကြောင့်ပဲ Apple ဟာ လူတိုင်းအတွက် အသုံးဝင်တယ်လို့ သတ်မှတ်လို့ရတဲ့ Brand ဖြစ်နေတာပါ။
တခြား Brand တွေက Feature တွေနဲ့ Innovative ဖြစ်တာကိုပဲ ဦးစားပေးနေချိန်မှာ Apple ကတော့ လူတွေ လက်တွေ့ဘဝနဲ့ iPhone က ဘယ်လို အသုံးဝင်လဲဆိုတာကိုပဲ ဦးစားပေးပါတယ်။
ဆိုတော့ ဒါတွေနဲ့တင် iPhone ရဲ့ Feature တွေဟာ Brand ရဲ့ နာမည်နဲ့လိုက်ပြီး လိုက်လို့မမှီအောင်ကိုဖြစ်နေတာကတော့ သက်သေပါပဲ။







Leave a Reply
You must be logged in to post a comment.