iPhone တွေမှာ Storage ပြည့်နေခဲ့မယ်ဆိုရင် ဘာတွေ ပြုလုပ်သင့်သလဲ ?

iPhone တွေမှာ Storage ပြည့်နေခဲ့မယ်ဆိုရင် ဘာတွေ ပြုလုပ်သင့်သလဲ ?
Storage နည်းနည်းနဲ့ iPhone တစ်လုံးကို သင့်အနေနဲ့ ပိုင်ဆိုင်ထားခဲ့မယ်ဆိုရင် Storage မပြည့်စေပဲ အချိန်ကြာကြာ အသုံးပြုနိုင်မယ့် နည်းလမ်းလေးရှိတယ်နော်။
• မလိုအပ်တဲ့ Application တွေကို ဖျက်ထားပေးပါ
မလိုအပ်ပဲ Application တွေကို ကိုယ့် iPhone ထဲမှာ ထားထားခြင်းကလည်း Storage ကို ခဏလေးအတွင်းပြည့်စေတက်ပါတယ်။
ဘာကြောင့်လဲဆိုရင် Application တွေက Auto Update ဖြစ်နေတဲ့အခါမျိုးမှာ မလိုအပ်ပဲ File Size တွေကြီးပြီး MB တွေကနေ GB အဖြစ်ကို ပြောင်းလဲသွားသည်အထိ ကြီးမားလာနိုင်ပါတယ်။
• Photo တွေ Video တွေကို ဖျက်ထားခြင်း
တစ်ခါတစ်လေ Photo တွေ တစ်ခုနဲ့ တစ်ခု ထပ်နေတာမျိုးနဲ့ ဆင်တူ Video တွေများနေတာမျိုးတွေကလည်း Storage ပြည့်စေတာကို မြန်စေတက်ပါတယ်။
ဒါ့အပြင် Recent ထဲမှာ Delete လုပ်ပြီးသာ ပုံတွေကို မဖျက်မိတဲ့အခါမျိုးတွေမှာလည်း Storage မှာပြည့်နေတက်ပါတယ်။
မလိုအပ်တဲ့ Photo တွေကို Delete လုပ်တာဖြစ်စေ၊ ဒါမှမဟုတ် iCloud ပေါ်မှာတင်ထားတာဖြစ်စေ စသဖြင့် ပြုလုပ်ပြီး iPhone Storage ကို ရှင်းရှင်းလင်းလင်းထားလို့ရနိုင်ပါတယ်။
ဒါဆိုရင်တော့ Other နဲ့ တခြားမလိုအပ်တဲ့ File တွေကို အလိုအလျောက်နဲ့ ပျက်သွားမှာဖြစ်တဲ့အပြင် Storage ကိုလည်း ပိုရလာတက်ပါတယ်။
Storage ပြည့်နေခဲ့မယ်ဆိုရင် အခုပြောပေးခဲ့တဲ့အချက်လေးတွေအတိုင်းဖြေရှင်းကြည့်ပါနော်။

Latest