iPhone 16 Series ကို ငေးကြည့်ရင်း ဈေးနှုန်းကြောင့် လက်တွန့်နေတဲ့သူတွေအတွက် Apple က အကြိုက်တွေ့စေမယ့် လမ်းစသစ်တစ်ခု ဖွင့်ပေးလိုက်ပါပြီ

iPhone 16 Series ကို ငေးကြည့်ရင်း ဈေးနှုန်းကြောင့် လက်တွန့်နေတဲ့သူတွေအတွက် Apple က အကြိုက်တွေ့စေမယ့် လမ်းစသစ်တစ်ခု ဖွင့်ပေးလိုက်ပါပြီ။ အခုဆိုရင် Apple ရဲ့ စံချိန်စံညွှန်းအတိုင်း သေချာပြန်လည်စစ်ဆေးထားတဲ့ Official Refurbished iPhone 16 Series တစ်ခုလုံးကို ပုံမှန်ထက် အများကြီးသက်သာတဲ့ ဈေးနှုန်းတွေနဲ့ စတင်ရောင်းချပေးနေပြီ ဖြစ်ပါတယ်။

အများစုက “Refurbished ဆိုတာ သူများသုံးပြီးသား အဟောင်းကြီး မဟုတ်ဘူးလား” လို့ တွေးမိနိုင်ပေမဲ့ Apple ရဲ့ လက်ရာကတော့ တစ်မျိုးပါ။ ဖုန်းရဲ့ အပြင်ခွံနဲ့ ဘက်ထရီကို အသစ်စက်စက်တွေနဲ့ လဲလှယ်ပေးထားတာကြောင့် ဗူးဖောက်လိုက်တဲ့အချိန်မှာ အသစ်အတိုင်း ခံစားချက်မျိုးကို ရစေမှာပါ။ အပြင်ပန်းကြည့်ရုံနဲ့တော့ ဒါဟာ အသစ်လား၊ ပြန်ပြင်ထားတာလားဆိုတာ ဘယ်သူမှ ခွဲခြားလို့မရနိုင်အောင်ကို Apple က အစစအရာရာ သေချာစမ်းသပ်ပြီးမှ ရောင်းချပေးတာ ဖြစ်ပါတယ်။

သာမန် တစ်ပတ်ရစ်ဖုန်းတွေထက် ပိုမိုက်တဲ့အချက်ကတော့ Apple ရဲ့ တရားဝင် အာမခံ (Warranty) အပြည့်အဝ ပါဝင်တာပါပဲ။ လိုအပ်ရင် အာမခံသက်တမ်းကိုတောင် ထပ်တိုးလို့ရသေးတာမို့ စိတ်ချလက်ချနဲ့ သုံးလို့ရပါတယ်။ 

ငွေကုန်ကြေးကျ သက်သာချင်တယ်၊ ဒါပေမဲ့ Apple ရဲ့ Quality နဲ့ အာမခံကိုတော့ အပြည့်အဝလိုချင်တယ်ဆိုတဲ့သူတွေအတွက်တော့ ဒါဟာ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာမှာပါပဲ။


Latest