iPhone 17 Pro Models များ စျေးတက်မည်

iPhone 17 Pro Models များ စျေးတက်မည်

ဒီနှစ် iPhone 17 မျိုးဆက်သစ်တွေထဲက iPhone 17 Air, iPhone 17 Pro နဲ့ iPhone 17 Pro Max မော်ဒယ်တွေဟာ ဒေါ်လာ ၅၀ အထိ စျေးနှုန်းတက်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စိတ်သက်သာစရာတစ်ခုကတော့ ရိုးရိုး Base Model iPhone 17 ကတော့ စျေးတက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒီစျေးနှုန်းတက်ရတဲ့ အဓိကအကြောင်းရင်းကတော့ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံအပေါ် ၂၀% အခွန်တိုးမြှင့်ကောက်ခံလိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။ Apple ရဲ့ ထုတ်လုပ်မှုကွင်းဆက် (supply chain) ရဲ့ အများစုဟာ တရုတ်ပြည်အခြေစိုက်ဖြစ်တာကြောင့် ဒီလိုအခွန်တိုးမြှင့်မှုရဲ့ ဝန်ထုပ်ဝန်ပိုးဟာ ထုတ်ကုန်ရဲ့ နောက်ဆုံးစျေးနှုန်းပေါ်ကို သက်ရောက်လာနိုင်ပါတယ်။

Pro မော်ဒယ်တွေသာ စျေးတက်ပြီး Base Model က မတက်တာကတော့ Apple ရဲ့ စျေးကွက်ဗျူဟာတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ Premium ဖုန်းတွေအတွက် စျေးတက်တာကို ဝယ်ယူသူတွေက ပိုပြီး လက်ခံနိုင်မယ်လို့ ယူဆပုံရပါတယ်။ iPhone 17 စီးရီးအကြောင်း တရားဝင် ကြေညာတဲ့အခါမှာတော့ ဒီစျေးနှုန်း ကောလာဟလတွေ မှန်ကန်မှုရှိမရှိဆိုတာကို အတိအကျသိရှိရမှာ ဖြစ်ပါတယ်။


Latest