iPhone Air နဲ့ iPhone 16 Series နဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ တော်တော်လေးကွဲပြားနေတာတွေ့ရပါတယ်။

iPhone Air နဲ့ iPhone 16 Series နဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ တော်တော်လေးကွဲပြားနေတာတွေ့ရပါတယ်။

iPhone Air ဟာ iPhone 16 Pro နဲ့ ဘက်ထရီသက်တမ်းမှာ ၁၀ မိနစ်ခန့်သာ ကွာခြားပါတယ်။ 16 Pro က အနည်းငယ် ပိုခံပေမယ့် Air ရဲ့ ဘက်ထရီကလည်း လုံလောက်စွာ အသုံးခံပါတယ်။

iPhone Air ဟာ ပေါ့ပါးပြီး လက်ရာမြောက်တဲ့ ဒီဇိုင်းနဲ့ လာတယ်။ Minimalist ဆန်ဆန်၊ ပေါ့ပါးတဲ့ ဖုန်းကို နှစ်သက်သူတွေအတွက် အလွန်သင့်တော်ပါတယ်။

iPhone Air ဟာ Pro ထက် ပိုမိုတတ်နိုင်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပြီး Second Phone အနေနဲ့လည်း အသုံးဝင်ပါတယ်။

အားနည်းချက်အနေနဲ့ကတေ့ iPhone Air မှာ စပီကာတစ်လုံးပဲ ပါဝင်တာကြောင့် အသံအရည်အသွေးက Pro ထက် သိသာစွာ နိမ့်ကျပါတယ်။ AirPods တပ်သုံးရင်တော့ ဒီပြဿနာ သက်သာနိုင်ပါတယ်။

Camera တစ်လုံးသာ ပါဝင်တာကြောင့် Zoom လုပ်တာ ဒါမှမဟုတ် 0.5x Wide-angle ရိုက်တာမျိုး မလုပ်ဖို့ အကြံပြုပါတယ်။

ဘယ်သူတွေအတွက် သင့်တော်လဲမလဲဆိုရင် Pro အဆင့် စွမ်းဆောင်ရည်ကို မလိုအပ်ဘဲ ပေါ့ပါးပြီး စတိုင်ကျတဲ့ ဖုန်းကို လိုချင်သူများနဲ့ Second Phone အနေနဲ့ အသုံးပြုလိုသူများ၊ ရိုးရှင်းပြီး လက်ရာမြောက်တဲ့ ဒီဇိုင်းကို ဦးစားပေးသူများ အနေနဲ့ရွေးချယ်သင့်ပါတယ်။


Latest