Your cart is currently empty!
iPhone တွေမှာ Battery Health မကျအောင်လုပ်နည်း
iPhone အသုံးပြုတဲ့သူတွေကတော့ Battery Health ကျမှာ သေမတက်ကြောက်ကြတဲ့သူတွေပါ။
တကယ်တော့ Battery Health ဆိုတာကသုံးလေကျလေပဲဆိုတာကိုတော့ သိထားရပါမယ်။ Battery Health က မသုံးရင်လည်း ကျတက်သလို အလွန်အကျွန် iPhone ကိုသုံးတယ်ဆိုရင်လည်း ကျတက်ပါတယ်။
ဒါဆိုရင် Battery Health မကျအောင် ဘယ်လိုလုပ်လို့ရမလဲ ။
Battery Health မကျစေချင်ရင် ဖုန်းသုံးတဲ့ နည်းစနစ်ကိုပြောင်းလိုက်ဖို့ အကြံပေးပါတယ်။
iPhone ကို ပူတဲ့ အထိ အသုံးမပြုပါနဲ့ ။ သိပ်ပူတဲ့ အထိ အသုံးပြုတဲ့အခါ မလိုအပ်ပဲ Battery Health ကို သိသိသာသာ ကျစေတက်ပါတယ်။
အားသွင်းရင် ဖုန်းမသုံးပါနဲ့။ တော်တော်များများတော့ကြားဖူးမှာပါ။ အားသွင်းရင်းနဲ့ ဖုန်းပေါက်သွားတာတို့ ဖုန်းမီးလောင်သွားတာတွေကိုပေါ။ ဒီလိုမျိုး အဖြစ်အပျက်တွေက တကယ်တော့ ဖုန်းကို အားသွင်းနေရင်းသုံးတဲ့ အတွက်ကြောင့် Battery ကနေတစ်ဆင့် Spare Part တွေကိုပါအပူကူးပြီး Batery Health ကို သွားထိခိုက်စေတာမျိုးတွေဖြစ်တက်တာပါ။
နောက်ဆုံးတစ်ချက်ကတော့ Cellular Data တွေကို မလိုအပ်တဲ့နေရာတွေမှာ အရမ်းသုံးရင်လည်း ဖုန်းပူပြီး Battery Health ကို ထိခိုက်နိုင်ပါတယ်။
Battery Cycle Count ကိုလည်း ဂရုစိုက်မယ် အားသွင်းတဲ့ အကျိန်အရေအတွက်ကိုလည်း မှန်မှန်ကန်ကန်သွင်းပြီး မှန်မှန်ကန်ကန် သုံးမယ်ဆိုရင်တော့ Battery Health က ၃ လလောက်နေမှ 1% လောက်ပဲကျသွားမှာပါ။
Battery Health ကတော့ သုံးလေကျလေပဲမို့လို့ အရမ်းကြီး Battery Health ကို ဂရုစိုက်ပြီး မသုံးဖို့နဲ့ ဖုန်းဆိုတာသုံးဖို့ဖြစ်ပြီး ဖုန်းက ကိုယ့်ကိုယ် ပြန်ခိုင်းတာမျိုး အဖြစ်မခံကျဖို့ အကြံပေးလိုက်ပါတယ်။






