Your cart is currently empty!
iPhone လေးပျောက်သွားရင်တောင် ပြန်ရှာလို့ရပြီ
iPhone လေး ပျောက်သွားလို့ Find My Network ကို On ထားမယ်ဆိုရင် စက်ပိတ်ထားရင်တောင် ပြန်ရှာလို့ရနိုင်ပါတယ်။
Find My Network Feature ကတော့ iOS 15 ကနေ စပြီး U1 Chip ကို အသုံးပြုထားတဲ့ iPhone 11 နဲ့ အထက် Model တွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒီ Feature ကတော့ အနီးနားက Apple Device တွေကနေတစ်ဆင့် Find My Network စီကို Located ပို့ပေးမှာဖြစ်ပြီး Ultra Wideband နည်းပညာကို ကိုအသုံးပြုပြီး ရှာဖွေပေးမှာပါ။
အသုံးပြုဖို့ဆိုရင်တော့ ကိုယ့် iPhone ရဲ့ Settings > Apple ID Profile > Find My > Find My iPhone > Find My Network ကို On ထားလိုက်ရင်ရပါပြီ။
ကိုယ့် iPhone ပျောက်သွားလို့ ဒီ့ထက်ပိုသေချာအောင်လုပ်ချင်တယ်ဆိုရင် Find My iPhone ကနေတစ်ဆင့် Lost Mode လုပ်ထားပြီး ပြန်ရှာရလွယ်အောင် လုပ်ထားလို့ရနိုင်ပါတယ်။
ဒီနည်းလမ်းလေးတွေကတော့ iPhone လေးပျောက်သွားတဲ့အခါ လုပ်ကို လုပ်သင့်တဲ့ Feature လေးတွေပဲဖြစ်လို့ Find My ကို မဖွင့်ထားသေးရင် အခုပဲဖြစ်ဖြစ် ဖွင့်ထားလိုက်တော့နော်။







Leave a Reply
You must be logged in to post a comment.