iPhone ဝယ်ရင် Update ကြာကြာရတယ်

“iPhone ဝယ်ရင် Update ကြာကြာရတယ်” ဆိုတာက စကားပုံမဟုတ်ဘဲ တကယ့်လက်တွေ့ဆိုတာကို Apple က သက်သေပြလိုက်ပြန်ပါပြီ။

အခုနောက်ပိုင်း Android ဖုန်းတွေက ၇ နှစ်အထိ Update ပေးမယ်လို့ ကြွေးကြော်နေကြပေမယ့် Apple ကတော့ ပွဲထွက်လာတာ ကြာလှပြီဖြစ်တဲ့ သူ့ရဲ့ “ဂန္ထဝင်” ဖုန်းအိုကြီးတွေကိုပါ ပြန်ကြည့်ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ် (၂၀၁၃ ခုနှစ်) က ထွက်ခဲ့တဲ့ iPhone 5s နဲ့ ၂၀၁၄ က iPhone 6 တို့အတွက် iOS 12.5.8 Update ကို ထုတ်ပေးလိုက်တာပါ။

ဘာတွေထူးခြားသွားတာလဲ? ဒီ Update မှာ Feature အသစ်တွေတော့ ပါမလာပါဘူး။ ဒါပေမယ့် ဖုန်းရဲ့ အသက်ရှူလမ်းကြောင်းဖြစ်တဲ့ iMessage, FaceTime နဲ့ Activation Certificate တွေကို သက်တမ်းတိုးပေးလိုက်တာပါ။ ဆိုလိုတာကတော့… သင့်ရဲ့ iPhone 5s အစုတ်လေးဟာ လာမယ့် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလအထိ ပုံမှန်အတိုင်း ဆက်ပြီး အလုပ်လုပ်နေဦးမှာပဲ ဖြစ်ပါတယ်။

အနှစ်ချုပ်ရရင်… အံဆွဲထဲမှာ အိပ်ပျော်နေတဲ့ iPhone 5s လေးတွေရှိရင် အခုပဲ ဖုန်ခါပြီး Update တင်လိုက်တော့နော်။ နောက်ထပ် တစ်နှစ်လောက်တော့ သီချင်းနားထောင်တာပဲဖြစ်ဖြစ်၊ အပိုဖုန်း (Spare) အဖြစ်ပဲဖြစ်ဖြစ် ဇိမ်နဲ့ ဆက်သုံးလို့ရဦးမှာပါ။

Apple ကတော့ “မိတ်ဆွေတို့ ငါ့ကို မစွန့်သရွေ့၊ ငါလည်း မင်းတို့ကို မပစ်ဘူး” လို့ ပြောလိုက်သလိုပါပဲ!


Latest