Mark Zuckerberg ဒုက္ခရောက်ပြီ!

Mark Zuckerberg ဒုက္ခရောက်ပြီ! “Scam Ads” သတင်းကြောင့် တစ်ရက်တည်း $5 ဘီလီယံနီးပါး ဆုံးရှုံး၊ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၆ သို့ ကျဆင်း

Mark Zuckerberg တစ်ယောက် Reuters သတင်းဌာနရဲ့ “သတင်းဆိုး” တစ်ခုကြောင့် ကြီးမားတဲ့ ထိခိုက်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

Meta ကုမ္ပဏီဟာ ဝင်ငွေတစ်စိတ်တစ်ပိုင်းကို “Scam Ads” (လိမ်လည်မှု ကြော်ငြာ) တွေကနေ ရယူဖို့ မျှော်မှန်းထားတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာပြီးနောက်၊ Meta ရဲ့ ရှယ်ယာဈေးဟာ ကြာသပတေးနေ့မှာ ထိုးကျသွားခဲ့ပါတယ်။

ဒီလို ထိုးကျမှုကြောင့် Zuckerberg ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၄.၆ ဘီလီယံ (ဒေါ်လာ ၅ ဘီလီယံနီးပါး) အထိ တစ်ရက်တည်းမှာ ပျောက်ဆုံး သွားခဲ့ပါတယ်။

Meta အတွက် ဒီတစ်ပတ်ဟာ တကယ်ကို ခက်ခဲတဲ့ အပတ်ဖြစ်နေခဲ့ပါတယ်။

ကြာသပတေးနေ့မှာ ရှယ်ယာဈေးက 2.3% ထပ်ကျ ပြီး $620.75 ဝန်းကျင်မှာပဲ ရှိပါတော့တယ်။

ဒါဟာ ပြီးခဲ့တဲ့အပတ်အတွင်း စုစုပေါင်း 17.5% ကျဆင်း ထားတဲ့အပေါ် ထပ်မံ ထိခိုက်နစ်နာမှု ဖြစ်စေခဲ့တာပါ။

အထူးသဖြင့် တတိယသုံးလပတ်ဝင်ငွေ ထုတ်ပြန်တဲ့နေ့ က တစ်ရက်တည်း 11% ကျော် ထိုးကျခဲ့တဲ့ မုန်တိုင်းဒဏ် က အခုထိ မပြီးသေးပါဘူး။

ဒီလို ဆုံးရှုံးမှုတွေကြောင့် Zuckerberg ဟာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ မျက်နှာငယ်စရာ ဖြစ်ခဲ့ရပြီး နေရာများစွာ ဆုတ်ယုတ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်အစမှာ သူဟာ ကမ္ဘာ့နံပါတ် ၃ နေရာ မှာ ခိုငခိုင်မာမာ ရပ်တည်ခဲ့တာပါ။

အခုတော့ နံပါတ် ၆ နေရာ ကို ကျဆင်းသွားခဲ့ပြီး၊ Jeff Bezos၊ Larry Page နဲ့ Sergey Brin တို့ရဲ့ နောက်ကို ရောက်ရှိသွားခဲ့ပါပြီ။

Meta ရဲ့ ရှယ်ယာ ၁၃% လောက်ကို ပိုင်ဆိုင်ထားတဲ့ Zuckerberg အတွက်တော့ “Scam Ads” သတင်းဟာ တကယ်ကို ဈေးကြီးတဲ့ သတင်း ဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။


Latest