Nothing ရဲ့ မဟာဗျူဟာပြောင်းလဲမှု

Nothing ရဲ့ မဟာဗျူဟာပြောင်းလဲမှု

Flagship ဈေးကွက်ကို စွန့်ပြီး Budget ကို အာရုံစိုက်လာပြီ

Nothing ကုမ္ပဏီဟာ Flagship ဖုန်းတွေ ထုတ်လုပ်မယ့်အစား ဈေးနှုန်းသက်သာတဲ့ Budget ဈေးကွက်ကို အဓိကထားပြီး ဦးတည်လာတယ်လို့ ယူဆရပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့မှာ Nothing Phone (3a) Lite ကို မိတ်ဆက်မည်
Nothing ဟာ လာမယ့် အောက်တိုဘာလ (၂၉) ရက်နေ့မှာ Nothing Phone (3a) Lite ဆိုတဲ့ ဖုန်းအသစ်ကို တရားဝင် မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

ဒဖုန်းဟာ Nothing ရဲ့ Budget Version ဖြစ်တဲ့ Nothing Phone (3a) ရဲ့ အောက်ကနေ ဈေးနှုန်းပိုသက်သာတဲ့ Version အဖြစ် ထပ်မံထွက်ရှိလာတာပါ။

CMF ထက်တောင် ပိုသက်သာနိုင်ပြီး Nothing ရဲ့ ဈေးသက်သာတဲ့ အမှတ်တံဆိပ်ခွဲ (Sub-brand) ဖြစ်တဲ့ CMF က ထုတ်လုပ်မယ့် CMF Phone 2 Pro ထက်တောင် ပိုပြီး ဈေးနှုန်းသက်သာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

ဈေးနှုန်းကို လျှော့ချလိုက်တဲ့အတွက် Nothing ရဲ့ ထူးခြားချက်ဖြစ်တဲ့ ဖုန်းအနောက်ဘက်က Glyph Lighting စနစ် ပါဝင်တော့မှာ မဟုတ်ဘဲ၊ Notification LED အဖြူ တစ်လုံးသာ ပါဝင်တော့မယ်လို့ Teaser ပုံအရ သိရပါတယ်။

Nothing ဟာ Snapdragon 8 Elite Gen 5 လိုမျိုး High-end Processor များနဲ့ တကယ့် Flagship အဆင့် ဖုန်းတွေကို ထုတ်လုပ်ဖို့ စိတ်ကူးမရှိတော့ဘဲ၊ ဈေးနှုန်းသက်သာတဲ့ (Budget Level) ဖုန်းတွေကိုသာ အဓိကထား ထုတ်လုပ်မယ့် လမ်းကြောင်းကို အပြောင်းအလဲ လုပ်လိုက်ပြီလို့ သုံးသပ်နိုင်ပါတယ်။


Latest