Olympic ကစားသမားတွေကို Z Flip 6 ပေးခဲ့တဲ့ Samsung

Samsung ရဲ့ Marketing ကတော့ ရှယ်ကိုကောင်းပါတယ်။
ရှေ့နှစ်ပတ်အလိုတုန်းကဆိုရင် Mr Beats ရဲ့ Youtube Video တစ်ခုမှာ နာမည်ကျော် Youtuber အယောက် ၅၀ ကျော်နဲ့ Challenge တစ်ခုလုပ်ခဲ့ပါတယ်။ တကယ့် Tech လောကမှာ နာမည်ကြီး MKBHD တို့ UFC Fighter တွေဖြစ်တဲ့ Logan Paul, KSI စတဲ့ သူတွေ အပါအဝင် အသက်အငယ်ဆုံး Speed တို့ Kai တို့လို နာမည်ကြီးတွေနဲ့ ပြုလုပ်ခဲ့ပါတယ်။
ဒီပြိုင်ပွဲရဲ့ မထင်မှတ်ထားတဲ့ နေရာတစ်ခုအရောက်မှာတော့ Samsung က သူတို့ရဲ့ Products အသစ်တွေဖြစ်တဲ့ Z Flip 6 နဲ့ Galaxy Ring တို့ကို အသုံးပြုပြီး ပြိုင်ပွဲဝင်သူတွေကို ဝတ်ထားပြီး သူတို့ရဲ့ နှလုံးခုန်သံကို တိုင်းခဲ့ပြီး Marketing ဆင်းခဲ့ပါသေးတယ်။
အခုလည်း Olympic ပွဲမှာ ကစားသမားတိုင်းကို သူတို့ရဲ့ အထူးထုတ် Galaxy Z Flip 6 တွေ လက်ဆောင်ပေးခဲ့ပါတယ်။
2024 Olympic Edition မှာ နောက်ကျောဖက် အရောင်က ရွှေဝါရောင်ဖြစ်ပြီး Olympic Logo ကို လေဆာနဲ့ထွင်းထားပါတယ်။
သူတို့ကတော့ မသန်းစွမ်းတဲ့သူတွေနဲ့ ဒီပွဲအတွက် ပြိုင်ပွဲဝင်သူတွေကို Support လုပ်တာကြောင့် သူတို့ Products တွေက အသုံးဝင်လာမှာဖြစ်ကြောင်းပြောလာပါတယ်။
တော်တော်လေးမိုက်လို့ ပြိုင်ပွဲဝင်ချင်စိတ်ပါဖြစ်မိပါတယ်။

Latest