Your cart is currently empty!
iOS 18.2 မှာ Original App တွေကို ဖျက်နိုင်တော့မယ်လို့ Apple ပြောလာ
Apple ကတော့ EU Law တွေကြောင့် သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေကို တစ်ခုပြီး တစ်ခု ခွင့်ပြုပေးနေရပါပြီ။
အဲ့တာကတော့ iOS 18.2 မှာ EU Region တွေအားလုံးမှာ Original App တွေဖြစ်တဲ့ App Store, Photos App, Camera App, Messages App, Safari တို့ကို ဖျက်လို့ရနိုင်မှာဖြစ်ပါတယ်။
Apple ကတော့ ဒီလို ခွင့်ပြုလိုက်တာက တခြား Third-Party Store တွေကိုလည်း User တွေ အနေနဲ့ အသုံးပြုလို့ရနိုင်ကြောင်းနဲ့ ဒီ Store တွေကိုလည်း iOS ပေါ်မှာ သေချာတင်းကျပ်ပြီး User ရဲ့ Privacy ကို မထိခိုက်အောင် ကာကွယ်ပေးသွားမှာဖြစ်ပါတယ်။
Original App တွေကတော့ ဖျက်လို့ရပေမယ့် ပြန်လိုချင်တယ်ဆိုရင် Setting ထဲက App Installation ဆိုတဲ့ Menu အသစ်မှာ App တွေကို ပြန်ပြီးယူနိုင်မှာဖြစ်ပါတယ်။
Apple User တွေအနေနဲ့ကတော့ iOS 18.2 မှာ Apple Intelligence Feature တွေပါဝင်လာမှာဖြစ်လို့ December မှာထွက်မယ့် iOS 18.2 ကိုတင်ဖို့လည်း မမေ့နဲ့ဦးနော်။







Leave a Reply
You must be logged in to post a comment.