Products အသစ်တစ်မျိုး မိတ်ဆက်မယ့် Apple

ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ Apple Event တစ်ခုလုပ်မယ်လို့ Apple က မကြေညာပဲ CEO ဖြစ်သူက ကြေညာလိုက်တာဖြစ်ပါတယ်။

Products အသစ်လာမယ်လို့ Tim Cook က သူ့ရဲ့ (ယခင် Twitter) ယခု “X” အကောင့်မှာ တင်ထားပြီး Spolier ထားလိုက်ပြီဖြစ်ပါတယ်။

တော်တော်များများကတော့ iPhone SE ဆိုပြီး ခန့်မှန်းနေကြပေမယ့် Apple ရဲ့ ထုံးစံအတိုင်း iPhone အရောင် အဆန်းတစ်မျိုးကိုလည်း မိတ်ဆက်လာနိုင်တယ်ဆိုတာ သိထားရပါမယ်။

iPhone အရောင်အသစ်ကို မိတ်ဆက်မလား၊ ဒါမှမဟုတ် iPhone အသစ်ကို မိတ်ဆက်မလား၊ ဒါမှမဟုတ် တခြား Products တွေဖြစ်တဲ့ Mac တွေကို မိတ်ဆက်မလားဆိုတာကိုတော့ အခုထဲက စိတ်ဝင်စားဖို့ကောင်းအောင်လုပ်ထားလိုက်ပါပြီ။


Latest