S25 Edge ရဲ့ ပါးလွှာတဲ့ဒီဇိုင်းလား၊ Xperia 1 VII ရဲ့ AI ကင်မရာနည်းပညာလား? ဘယ်ဟာကြိုက်လဲ

တစ်ပတ်ကတော့ Tech Giant ကြီးတွေ ဖြစ်တဲ့ Sony နဲ့ Samsung တို့ကနေ သူတို့ရဲ့ အမိုက်စား ဖုန်းတွေကို ပြိုင်တူမိတ်ဆက်တဲ့ အပတ်လို့ ပြောရမှာပဲ။

Samsung ကတော့ သူ့ရဲ့ အပါးဆုံး S25 Edge က 5.8mm ထူပြီး၊ 163g ပေါ့ပါတယ်။ ဒီဇိုင်းက S25 Ultra နဲ့ဆင်ပါတယ်။ Titanium ဘောင်၊ Gorilla Glass Ceramic 2 နဲ့ 6.7″ QHD+ AMOLED မျက်နှာပြင်ပါပါတယ်။ Snapdragon 8 Elite, 12GB RAM, 256/512GB storage နဲ့ One UI 7 သုံးထားပါတယ်။ Camera ကတော့ 200MP main (F1.7) နဲ့ 12MP ultra wide တို့ပါဝင်ပြီး macro လည်း ရိုက်လို့ရနိုင်ပါတယ်။ ဒါပေမယ့်တော့ telephoto မပါဝင်ပါဘူး။ ဘက်ထရီက 3900mAh ပဲမို့ အားနည်းတယ်လို့တော့ ခံစားရပါတယ်။ ဈေးက $1099 ကစပြီး Titanium Silver, Icy Blue, Jet Black အရောင်ရှိတယ်။ ဖက်ရှင်ကျပြီး ပေါ့ပါးတဲ့ဖုန်းကြိုက်သူတွေအတွက် သင့်တော်တယ်။ ဒီလိုမျိုး Design လန်းလန်းနဲ့ ပါးပါးလေးကြိုက်တဲ့သူတွေအတွက် S25 Edge ကို MyanGoal မှာ လာရောက်ဝယ်ယူလို့ရနိုင်ပါပြီနော်။

Sony Xperia 1 VII

Sony Xperia 1 VII က ဒီဇိုင်းအနည်းငယ်ပြောင်းလဲပြီး အလူမီနီယမ်ဘောင်၊ Gorilla Glass Victus 2 နဲ့ IP65/68 ပါဝင်ပါတယ်။ 6.5″ LTPO OLED (1080×2340, 1-120Hz) မျက်နှာပြင်ပါပြီး Bravia နည်းပညာနဲ့ ရုပ်ထွက်ကောင်းပါတယ်။ ကင်မရာက အားသာချက်ဖြစ်ပြီး ultra-wide sensor (1/1.56″) က ၂ ဆကျော်ကြီးလာပါတယ်။ Telephoto က 85-170mm zoom အထိရပါတယ်။ Xperia Intelligence AI နဲ့ AI Camerawork, Real Time Eye Auto Focus ပါတာက ဗီဒီယိုနဲ့ ပုံရိုက်ရာမှာ ထူးခြားတယ်။ 3.5mm နားကြပ်ပေါက်က အသံအရည်အသွေးမြင့်တယ်။ ဘက်ထရီ 5000mAh, 30W wired, 15W wireless charging ပါတယ်။ Snapdragon 8 Elite နဲ့ စွမ်းဆောင်ရည်ကောင်းပါတယ်။ ဈေးက £1399 ဖြစ်ပြီး Moss Green, Orchid Purple, Slate Black အရောင်ရှိတယ်။ ကင်မရာနဲ့ ဗီဒီယိုရိုက်ရတာကြိုက်သူတွေ၊ vlogger တွေအတွက် အကောင်းဆုံးရွေးချယ်မှုပါ။

S25 Edge ရဲ့ ပါးလွှာတဲ့ဒီဇိုင်းလား၊ Xperia 1 VII ရဲ့ AI ကင်မရာနည်းပညာလား? ဘယ်ဟာကြိုက်လဲ Comment လေးမှာ ပြောပြပါဦးနော်။


Latest