Samsung ရဲ့ သုံးခေါက်ချိုးဖုန်း Galaxy G Fold နှင့်ပတ်သက်ပြီး သိရသမျှ

Samsung ရဲ့ သုံးခေါက်ချိုးဖုန်း Galaxy G Fold နှင့်ပတ်သက်ပြီး လတ်တလောသတင်းများအရ ဒီဖုန်းဟာ ဒေါ်လာ ၃၀၀၀ မှ ၃၅၀၀ အထိ ဈေးနှုန်းရှိနိုင်ကာ ဈေးကွက်အတွင်း အလွန်မြင့်မားသော ဈေးနှုန်းဖြင့် ထွက်ရှိလာဖွယ်ရှိပါတယ်။ ဒီဖုန်းဟာ ၂၀၂၅ ခုနှစ် တတိယသုံးလပတ် (Q3) မှာ စတင်မိတ်ဆက်ရောင်းချရန် စီစဉ်ထားပြီး တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့မှာ အကန့်အသတ်နဲ့ ရောင်းချမှာဖြစ်ပါတယ်။ ဒီဖုန်းမှာ မျက်နှာပြင်အရွယ်အစား ၉.၉၆ လက်မ (ဖြန့်ထားတဲ့အခါ) Galaxy Z Fold 7 ရဲ့ သုံးခေါက်ချိုးနိုင်သော ဒီဇိုင်းနဲ့ ပုံစံတူ Hardware Design တို့ကို အသုံးပြုထားမှာဖြစ်ပါတယ်။

Camera ပိုင်းမှာတော့ Galaxy Z Fold 6 Special Edition မှ ကင်မရာစနစ်ကို ပြန်လည်အသုံးပြုနိုင်ဖွယ်ရှိပြီး သုံးလုံးပေါင်းကင်မရာစနစ်ပါဝင်လာနိုင်ချေရှိပါတယ်။

လက်ရှိ မထွက်ရသေးပေမယ့် စျေးနှုန်းကတော့ ပုံမှန်တွေထက် အများကြီးများလာနိုင်မယ့်အပြင် Rumors ဖြစ်လို့ ဘယ်အချိန်ထွက်လာနိုင်မလဲဆိုတာကိုတော့ အတိအကျတော့ မသိရသေးပါဘူး။


Latest