Your cart is currently empty!
Samsung အချင်းချင်း “တိုင်ပတ်” နေပြီလား?
Samsung ဆိုတဲ့ နာမည်တစ်ခုတည်းအောက်မှာ ရှိနေကြပေမဲ့ Samsung Mobile (MX Division) နဲ့ Samsung Semiconductor (DS Division) တို့အကြားမှာ RAM ရောင်းဝယ်မှုနဲ့ ပတ်သတ်ပြီး အကြိတ်အနယ် ဖြစ်နေကြပြီလို့ သတင်းတွေက ဖော်ပြနေပါတယ်။
ပုံမှန်အားဖြင့် Samsung Mobile (Galaxy ဖုန်းထုတ်တဲ့ဘက်) က လိုအပ်တဲ့ RAM chip တွေကို Samsung Semiconductor (RAM ထုတ်တဲ့ဘက်) ဆီကနေ နှစ်အလိုက် သဘောတူညီမှု (Long-term Deals) တွေနဲ့ ဈေးနှုန်းသက်သက်သာသာ၊ ပမာဏအဝအလင် ရရှိခဲ့ကြတာပါ။
ဒါပေမဲ့ အခုတော့ Samsung Semiconductor ဘက်က Mobile ဘက်ကို အရင်လို ဦးစားပေး (Priority) မထားတော့ဘဲ AI Data Center တွေအတွက် လိုအပ်တဲ့ hardware တွေကိုပဲ အဓိကထား ထုတ်လုပ်ရောင်းချတော့မယ်လို့ ဆိုလာပါတယ်။
💡 ဘာကြောင့် AI ဘက်ကို ပြောင်းလဲသွားတာလဲ?
အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ “အမြတ်ငွေ” ပါပဲ။
လက်ရှိ AI ခေတ်မှာ Data Center ကြီးတွေအတွက် သုံးရတဲ့ RAM တွေဟာ ဖုန်းမှာသုံးတဲ့ RAM ထက် အမြတ်ငွေ အဆပေါင်းများစွာ ပိုရပါတယ်။
NVIDIA လို ကုမ္ပဏီကြီးတွေနဲ့ AI လုပ်ငန်းစုတွေက RAM တွေကို အပုံလိုက်အပင်လိုက် ဈေးကောင်းပေး ဝယ်နေကြတာကြောင့် Samsung Semiconductor က ငွေပိုရမယ့်
ဘက်ကိုပဲ အားစိုက်တော့မှာ ဖြစ်ပါတယ်။
သတင်းရင်းမြစ်တွေရဲ့ အဆိုအရ Samsung ရဲ့ ဌာနခွဲနှစ်ခုကြားမှာ အောက်ပါအတိုင်း အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ် –
- Long-term မှ Short-term ကို အရင်က တစ်နှစ်စာ ကြိုတင်မှာယူတဲ့စနစ်အစား အခုတော့ ၃ လတစ်ခါ (Quarterly) ပဲ သဘောတူညီမှု ယူတော့မှာ ဖြစ်ပါတယ်။
- ဈေးနှုန်း မြင့်တက်လာတာက ကာလတို သဘောတူညီမှု (Short-term deals) ဖြစ်တဲ့အတွက် ဈေးနှုန်း
က အရင်ထက် ပိုမြင့်လာဖို့ ရှိနေပါတယ်။ - ဦးစားပေးအဆင့် လျော့ကျခြင်း: RAM အလုံအလောက် မထုတ်နိုင်တဲ့ အခြေအနေမျိုး ကြုံလာရင် Mobile Division ဟာ AI customer တွေရဲ့ နောက်မှာပဲ အစဉ်လိုက် စောင့်ရတော့မှာ ဖြစ်ပါတယ်။
🥊 Galaxy ဖုန်းအသုံးပြုသူတွေအတွက် ဘာတွေသက်ရောက်နိုင်လဲ?
ဒီသတင်းဟာ အတည်မပြုရသေးပေမဲ့ ဖြစ်လာနိုင်ခြေ အလွန်များနေပါတယ်။ အကျိုးဆက်အနေနဲ့ –
နောက်ထွက်မယ့် Galaxy Flagship (ဥပမာ – S26 Series) ဖုန်းတွေရဲ့ ဈေးနှုန်းဟာ RAM စရိတ်ကြောင့် ပိုတက်လာနိုင်ပါတယ်။
ဖုန်းတွေမှာ RAM ပမာဏကို အရင်လို အမြောက်အမြား မထည့်ပေးနိုင်ဘဲ ကန့်သတ်ချက်တွေ ရှိလာနိုင်ပါတယ်။
အခုဖြစ်ရပ်က Samsung အနေနဲ့ “ကိုယ့်အိမ်ထဲက ပစ္စည်းကို ကိုယ်ပြန်ဝယ်ရတာတောင် အပြင်လူ (AI ကုမ္ပဏီများ) ကို မယှဉ်နိုင်တဲ့” အခြေအနေမျိုး ဖြစ်နေတာပါ။ AI ခေတ်ရဲ့ ရိုက်ခတ်မှုဟာ ကျွန်တော်တို့ သုံးနေတဲ့ စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်အပေါ် ဘယ်လောက်အထိ သက်ရောက်မှု ရှိလာမလဲဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။






