Samsung ဖုန်းတွေ မပူအောင် ဘယ်လိုလုပ်မလဲ 

Samsung ဖုန်းတွေ မပူအောင် ဘယ်လိုလုပ်မလဲ 

Samsung ဖုန်းတွေကို တော်တော်များများက ပူတယ်၊ ပူတယ်ဆိုပြီး အခုထိ ပြောနေကြတုန်းပါပဲ။

တကယ်တော့ Samsung ဖုန်းတော်တော်များများက မနိုင်ဝန်ထမ်းထားတဲ့ ဖုန်းတွေလို့ပြောရင်တော့ ပိုမှန်ပါမယ်။ 

ဘာကြောင့်လဲဆိုတော့ Design ပိုင်းထက် Performance ကို ဦးစားပေးထားတာရယ်၊ Chip တွေ အမြင့်ကြီးသုံးထားပြီး SOC မှာ ပြိုင်ဘက်ကင်းအောင်လုပ်ထားရတဲ့အတွက် သူ့ရဲ့ Performance မကျအောင် လိုက်ထိိန်းရင်းနဲ့ စက်က ပိုအလုပ်လုပ်လာရပါတယ်။ အဲ့ဒီအချိန်မှာ စက်ကပူလာပြီးတော့ ဖုန်းကသုံးနေရင်းထစ်တာတွေ၊ ကိုင်လို့မရအောင်ပူလာတာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ 

ဒီလိုမျိုးဖြစ်လာပြီဆိုရင်တော့ ဖုန်းကို အနည်းဆုံး နာရီဝက်လောက် အသုံးမပြုပဲ ထားထားပေးလိုက်ပါ။ ပြီးမှ ပြန်လည် အသုံးပြုမယ်ဆိုရင်လည်း ဖုန်းက ပူနေတော့မှာမဟုတ်တော့ပါဘူး။

ဒါ့အပြင် ဖုန်းကို Reboot လုပ်ပေးရင်လည်း ဖုန်းက သုံးရတာ ပိုအဆင်ပြေလာပါလိမ့်မယ်။ 

နောက်ဆုံးတစ်ချက်ကတော့ Cooling ဖြစ်တဲ့ စက်လေးတွေ ဝယ်တပ်ထားမယ်ဆိုရင်တော့ အခုလို နွေရာသီမျိုးမှာ ဖုန်းပူတာကို ဖြစ်စေမှာမဟုတ်တော့ပါဘူး။

ဒီနေ့တင်ဆက်ပေးသွားတာကတော့ Samsung ဖုန်းတွေမှာ ပူလာတဲ့ အခါ အလွယ်တကူ ဖုန်းအေးသွားအောင်လုပ်လို့ရတဲ့နည်းလမ်းလေးဖြစ်လို့ စမ်းကြည့်လိုက်ပါနော်။


Latest