Your cart is currently empty!

Samsung Galaxy ဖုန်းကိုင်ထားတဲ့သူတွေအတွက် Third Party App တွေ ထပ်သွင်းစရာမလိုဘဲ ဖုန်းပြောတာတွေကို ဘယ်လို Record ဖမ်းမလဲ
Samsung Galaxy ဖုန်းကိုင်ထားတဲ့သူတွေအတွက် Third Party App တွေ ထပ်သွင်းစရာမလိုဘဲ ဖုန်းပြောတာတွေကို ဘယ်လို Record ဖမ်းမလဲ
ဒီ Feature ကတော့ နိုင်ငံအလိုက် ဥပဒေသတ်မှတ်ချက်တွေကြောင့် ဖုန်းအားလုံးမှာ မပါဝင်နိုင်ပါဘူး။ ဒါ့အပြင် Wi-Fi Calling အသုံးပြုချိန်မှာလည်း အလုပ်လုပ်မှာ မဟုတ်ပါဘူး။
၁။ ဖုန်းပြောနေစဉ် လက်တလော Record ဖမ်းနည်း
- ဖုန်းပြောနေတဲ့မျက်နှာပြင်မှာ Record call ဆိုတဲ့ ခလုတ်ကို ရှာနှိပ်ပါ။
- အဲ့ဒီခလုတ်ကို မတွေ့ရင် အပေါ်ထောင့်က အစက်သုံးစက် (Menu) ကို နှိပ်ပြီး ရှာကြည့်ပါ။
- Record call ကို နှိပ်လိုက်တာနဲ့ အနီစက်လေးနဲ့ စက္ကန့်မှတ်တမ်းလေး ပေါ်လာပါလိမ့်မယ်။
- ရပ်ချင်တဲ့အခါ Stop recording ကို နှိပ်ပါ ဒါမှမဟုတ် ဖုန်းချလိုက်ရင် အလိုအလျောက် မှတ်ပေးသွားမှာဖြစ်ပါတယ်။
၂။ ဖုန်းခေါ်တိုင်း အလိုအလျောက် Record ဖမ်းနည်း (Auto Record)
1.Phone app ကို ဖွင့်ပြီး Keypad နေရာကို သွားပါ။
2.ညာဘက်အပေါ်က အစက်သုံးစက် ကိုနှိပ်ပြီး Settings ထဲဝင်ပါ။
- Record calls ကို နှိပ်ပါ။
- Auto record calls ကို On ပေးလိုက်ပါ။
ဒါ့အပြင်ဖုန်းနံပါတ်အားလုံးကို Record ဖမ်းမလား၊ ဖုန်းထဲမမှတ်ထားတဲ့ နံပါတ်တွေကိုပဲ ဖမ်းမလား၊ ဒါမှမဟုတ် ကိုယ်ရွေးချယ်ထားတဲ့ လူအနည်းစုကိုပဲ ဖမ်းမလားဆိုတာကိုပါ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။
၃။ Google Voice အသုံးပြုပြီး Record ဖမ်းနည်း
တကယ်လို့ သင့်ဖုန်းမှာ Samsung ရဲ့ Built-in Record မပါဘူးဆိုရင် Google Voice ကို သုံးလို့ရပါတယ်။
- Google Voice App ထဲက Settings မှာ Incoming call options ကို ဖွင့်ထားပါ။
2.ဖုန်းဝင်လာလို့ ကိုင်ပြီးပြီဆိုရင် Keypad က နံပါတ် ၄ ကို နှိပ်ပြီး Record စဖမ်းနိုင်ပါတယ်။
3.ရပ်ချင်ရင် နံပါတ် ၄ ကိုပဲ ပြန်နှိပ်ရပါမယ်။
သိမ်းထားတဲ့ Record ဖိုင်တွေကို ဘယ်မှာပြန်ရှာမလဲ?
ဖမ်းထားတဲ့ အသံဖိုင်တွေကို ပြန်နားထောင်ချင်ရင်တော့
Phone Settings > Record calls > Recorded calls ထဲမှာ အကုန်လုံးကို စုစည်းပြီး တွေ့နိုင်ပါတယ်။ အဲ့ဒီကနေမှတစ်ဆင့် ဖိုင်နာမည်ပြောင်းတာ၊ တစ်ခြားသူကို Share တာနဲ့ ဖျက်ပစ်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။
Play Store ထဲက Call Recorder App အများစုဟာ တစ်ဖက်လူကို အသိမပေးဘဲ ဖမ်းယူလေ့ရှိတာကြောင့် Privacy မလုံခြုံမှုတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် Samsung ကတော့ ဖြစ်နိုင်ရင် ပြင်ပ App တွေကို မသုံးဘဲ ဖုန်းမှာပါတဲ့ Original Feature ကိုပဲ သုံးဖို့ အကြံပြုထားပါတယ်။





