Your cart is currently empty!
Samsung Galaxy Z Flip7: ပိုမိုက်ပြီး ဆန်းသစ်တဲ့ အသွင်သစ်
Samsung ရဲ့ Galaxy Z Flip7 ဟာ ဒီနှစ်မှာ ထူးခြားတဲ့ အဆင့်မြှင့်တင်မှုတွေနဲ့ ထွက်ရှိလာပြီး ဖုန်းချစ်သူတွေရဲ့ မျက်စိကျစရာ ဖြစ်လာပါတယ်။ ဒီစမတ်ဖုန်းဟာ ဒီဇိုင်းရော၊ စွမ်းဆောင်ရည်ရော ပိုမိုက်လာတာကို တွေ့ရမှာပါ။
Cover Display: ပိုကြီး၊ ပိုမိုက်၊ ပိုအဆင်ပြေ
Galaxy Z Flip7 ရဲ့ Cover Display ဟာ အရင်ထက် ပိုကြီးလာပြီး 4.1 လက်မ အထိ တိုးမြှင့်လာပါတယ်။ Full View ပုံစံသစ်နဲ့ ဒီဇိုင်းထုတ်ထားတာက ပိုမိုက်သလို အသုံးပြုရတာလည်း ပိုအဆင်ပြေစေပါတယ်။ ဒါတင်မကဘူး၊ 120Hz Refresh Rate ကိုပါ Cover Display မှာ ထည့်သွှပ်ပေးထားတာကြောင့် ချောမွေ့တဲ့ အသုံးပြုမှုကို ခံစားရမှာပါ။
Main Display နဲ့ Battery: ပိုကြီးပြီး ပိုအားကောင်း
- Main Display: Z Flip7 ရဲ့ အဓိကဖန်သား(Main Display) ဟာ 6.7 လက်မ ကနေ 6.9 လက်မ အထိ ပိုကြီးလာပြီး Dynamic AMOLED 2X နည်းပညာနဲ့ ပိုမြင်ရှင်းပြီး အရောင်ထွက်တဲ့ ဖန်သားကို ခံစားရမှာပါ။
- Battery: 4,000mAh ကနေ 4,300mAh အထိ တိုးမြှင့်ထားတာက ပိုကြာရှည်ခံတဲ့ Battery သုံးစွဲမှုကို ရရှိမှာပါ၊ ဒါပေမယ့် အားသွင်းနှုန်းကတော့ 25W wired charging နဲ့ 15W wireless charging အတိုင်းထားပါတယ်။
ပိုမိုပါးလွှာပြီး ပေါ့ပါးတဲ့ ဒီဇိုင်း
ဒီနှစ်မှာ Z Flip7 ဟာ အရင်ထက် ပိုပါးလွှာပြီး 13.7mm (ခေါက်ထားချိန်) နဲ့ 6.5mm (ဖွင့်ထားချိန်) အထိ ပါးလာပါတယ်။ အလေးချိန်ကလည်း 188g သာရှိပြီး အရင် Generation ရဲ့ 187g ထက် 1g သာ ပိုလေးပါတယ်။ Armor FlexHinge နဲ့ Corning Gorilla Glass Victus 2 ကာကွယ်မှုတွေနဲ့ ပိုပြီး အကြမ်းခံဦးမှာပါ။
Performance
Z Flip7 ဟာ Exynos 2500 ချစ်ပ်ကို ပထမဆုံးအကြိမ် အသုံးပြုထားပြီး 3nm နည်းပညာနဲ့ 10-core CPU (Cortex-X5 @ 3.3GHz) နဲ့ Xclipse 950 GPU တို့ပါဝင်ပါတယ်။ 12GB RAM နဲ့ 256GB/512GB သိုလှောင်မှုရွေးချယ်စရာတွေနဲ့ စွမ်းဆောင်ရည်မြင့်မားပြီး Samsung DeX ပါ ပထမဆုံးအကြိမ် ထည့်သွင်းထားပါတယ်။
Camera
- 50MP Main Camera (f/1.8, 2x optical zoom)
- 12MP Ultra Wide Camera (f/2.2, 123° FOV)
- 10MP Selfie Camera (f/2.2) ProVisual Engine နဲ့ AI အဆင့်မြှင့်တင်ထားတော့ ဓာတ်ပုံရိုက်ကူးမှုတွေဟာ ပိုထူးခြားလာမှာပါ။
အရမ်းမိုက်တဲ့ Color တွေဖြစ်တဲ့ Blue Shadow, Jet Black, Coral Red, Mint တို့ပါဝင်ပြီး
Feature အလန်းစားတွေပါဝင်လာတာဖြစ်လို့ Samsung ရဲ့ Galaxy Z Flip7 ကိုကြွေနေတယ်ဆိုရင်တော့ MyanGoal မှာလာရောက်ဝယ်ယူလိုက်တော့နော်။






