Sim Card အမျိုးအစားများ အကြောင်း

ကိုရီးယားမှာဆိုရင် Sim Card တွေက အမျိုးအစားအများကြီးရှိသလို အခုမှ မြန်မာကနေ ကိုရီးယားရောက်နေတဲ့သူတွေအတွက်လည်း ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။
ဒါပေမယ့် Sim Card တိုင်းက ကောင်းနေတာလား ဆိုတော့ မဟုတ်ပြန်ပါဘူး။
ဒီထဲမှာ အကောင်းဆုံး Sim Card နဲ့ လစဥ်ကြေးသက်သာတဲ့ Sim Card တွေကို ပြောပြပေးသွားပါမယ်။
SK, KT, LGU+ စတဲ့ လိုင်းကဒ်တွေက ကိုရီးယားမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြတဲ့ Sim Card တွေဖြစ်ပါတယ်။
SK, KT, LGU+ တွေက စျေးလည်းသက်သာပြီး၊ ပတ်ကေချ်တွေကလည်း တော်တော်လေးတန်တော့ တစ်ခါဝယ်ပြီး အကြိုက်သုံးလို့ရတဲ့ အထိကို ကောင်းပါတယ်။
နောက်တစ်ချက်က လိုင်းဆွဲအားလည်းကောင်းတဲ့အပြင် ဝယ်ရတာလည်း အရမ်းကိုမှ လွယ်တဲ့ Sim Card အမျိုးစားတွေဖြစ်ပါတယ်။
ဒါ့ကြောင့် ကိုယ်တွေ မြန်မာတွေလည်း ကိုရီးယားကိုရောက်လာခဲ့ရင် ဒီ Sim Card တွေ လိုင်းကဒ်တွေကိုသာ အဓိက အသုံးပြုဖို့ အကြံပေးလိုက်ပါတယ်။
လိုင်းကဒ် လျှောက်ချင်တာတွေ အကောင်းဆုံးနဲ့ အမြန်ဆုံးနဲ့ သေသေချာချာ ရှင်းပြပြီးမှ ဝယ်ယူချင်
တယ်ဆိုရင်တော့ အခုပဲ MyanGoal ကိုသာ ဆက်
သွယ်လိုက်ပါနော်။
“MyanGoal နဲ့အတူ ကိုရီးယား ခရီးစဥ်ကို ပိုမို လွယ်ကူကြပါစို့”

Latest