“Study Mode” ကို ChatGPT မှာ အသစ်ထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။

အခုအခါမှာတော့ OpenAI က ကျောင်းသားတွေအတွက် ပိုမိုအထောက်အကူပြုစေမယ့် “Study Mode” ကို ChatGPT မှာ အသစ်ထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။

ဒီ Study Mode ဟာ စာတွေကို အဖြေပေးရုံတင်မကဘဲ ကျောင်းသားတွေရဲ့ နားလည်မှုကို အရင်စစ်ဆေးပါတယ်။ ပြီးမှ ကိုယ်တိုင်တွေးခေါ်နိုင်အောင် တစ်ဆင့်ချင်းစီ လမ်းညွှန်ပေးပြီး ပုစ္ဆာတစ်ခုကို ဖြေရှင်းပုံ ဖြေရှင်းနည်းတွေကို အခြေခံကျကျ နားလည်သွားစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

“Study Mode” ရဲ့ ထူးခြားချက်များ

Socratic Method အသုံးပြုခြင်း – ကျောင်းသားနဲ့ AI တို့ အပြန်အလှန် ဆွေးနွေးပြီး ကိုယ်တိုင်တွေးခေါ် အဖြေရှာနိုင်အောင် ဂရိဒဿနပညာရှင် ဆိုကရေးတီးရဲ့ နည်းစနစ်တွေကို အခြေခံ တည်ဆောက်ထားပါတယ်။

ပညာရှင် ၄၀ ကျော် ပူးပေါင်းဖန်တီးထားခြင်း – ပညာရေးအဖွဲ့အစည်းပေါင်း ၄၀ ကျော်က ပညာရှင်တွေနဲ့ ပေါင်းပြီး ဖန်တီးထားတာကြောင့် သင်ယူမှုအရှိန်နဲ့ နားလည်မှုအပေါ် လိုက်လျောညီထွေစွာ အထောက်အပံ့ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းမေးခွန်းများ ထုတ်ပေးနိုင်ခြင်း – စာရှင်းပြတဲ့အပြင် လေ့ကျင့်ခန်းမေးခွန်းပုံစံတွေကိုပါ ထုတ်ခိုင်းလို့ရပါတယ်။

အခမဲ့အသုံးပြုနိုင်ခြင်း – ဒီအင်္ဂါရပ်ကို အခပေး (Plus, Pro, Team) သမားတွေသာမကဘဲ Free Users တွေပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီလိုကောင်းမွန်တဲ့ Feature တွေကြောင့် ChatGPT ကို ပိတ်ပင်ထားတဲ့ ကျောင်းတွေတောင်မှ Study Mode ကို သုံးခွင့်ပြုဖို့ ပြန်လည်စဉ်းစားလာနိုင်ဖွယ်ရှိပါတယ်။


Latest