Twitch က TikTok နဲ့ Instagram ကို စိန်ခေါ်လိုက်ပြီ!

Twitch က TikTok နဲ့ Instagram ကို စိန်ခေါ်လိုက်ပြီ!

Twitch ဆိုတဲ့ Amazon ပိုင်ဆိုင်တဲ့ နာမည်ကျော် Livestreaming ပလက်ဖောင်းကြီးက TikTok၊ Instagram Reels နဲ့ YouTube Shorts တို့ကို ယှဉ်ပြိုင်ဖို့ ဒေါင်လိုက်ဗီဒီယို (Vertical Video) လုပ်ဆောင်ချက်အသစ်ကို စတင်စမ်းသပ်နေပြီလို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။

အခုလောလောဆယ်ကတော့ streamer အနည်းငယ်နဲ့ပဲ “alpha test” အနေနဲ့ အကန့်အသတ်နဲ့ စမ်းသပ်နေတာဖြစ်ပါတယ်။ ဒီစမ်းသပ်မှုထဲမှာ “vertical theater mode” လို့ခေါ်တဲ့ အသစ်စက်စက် user interface တစ်ခုပါလာပါတယ်။

ဒီ feature က အသုံးပြုသူတွေကို အလျားလိုက်ကြည့်တာနဲ့ ဒေါင်လိုက်ကြည့်တာကြား လွတ်လွတ်လပ်လပ် ပြောင်းလဲခွင့်ပေးထားပြီး Streamer တွေကလည်း အလျားလိုက်နဲ့ ဒေါင်လိုက်ပုံစံ နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်း ထုတ်လွှင့်လို့ရနိုင်မှာ ဖြစ်ပါတယ်။

ဒီခြေလှမ်းကို TwitchCon Rotterdam မှာ ပထမဆုံး ကြေညာခဲ့တာပါ။ ဒါက မိုဘိုင်းလ်ဖုန်းသုံးတဲ့သူတွေရဲ့ ဒေါင်လိုက်ဗီဒီယိုကြည့်တဲ့ အလေ့အထကို ဖမ်းစားဖို့ ရည်ရွယ်တာဖြစ်ပြီး TikTok တို့၊ Instagram တို့ဆီက ဈေးကွက်ကို ပြန်ဆွဲယူဖို့ ကြိုးစားတာပါပဲ။ နှစ်ကုန်ပိုင်းလောက်ဆို ဒီ feature ကို အသုံးပြုသူတွေ ပိုကျယ်ပြန့်စွာ သုံးလို့ရအောင် တိုးချဲ့သွားမယ်လို့ မျှော်လင့်ထားရပါတယ်။


Latest