Vivo S50 Pro Mini စမတ်ဖုန်းကို လာမယ့်ဒီဇင်ဘာလ အတွင်း တရုတ်နိုင်ငံမှာ မိတ်ဆက်မယ်

Vivo S50 Pro Mini: Flagship စွမ်းဆောင်ရည်ပါ Compact ဖုန်း ဒီဇင်ဘာတွင် မိတ်ဆက်မည်

Vivo ရဲ့ Vivo S50 Pro Mini စမတ်ဖုန်းကို လာမယ့် ဒီဇင်ဘာလ အတွင်း တရုတ်နိုင်ငံမှာ မိတ်ဆက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီဖုန်းက Flagship အဆင့် စွမ်းဆောင်ရည် ကို Compact Size ဖြင့် ပေါင်းစပ်ထားတဲ့ မော်ဒယ်ဖြစ်မယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။

Performance ပိုင်းမှာဆို Snapdragon 8 Gen 5 ကို အသုံးပြုထားသောကြောင့် AnTuTu Benchmark စစ်ဆေးမှုမှာ သန်း ၃ သန်းကျော်ရမှတ်ရရှိခဲ့ကြောင်း သတင်းများက ဖော်ပြထားပါတယ်။

Design ပိုင်းကတော့ Vivo ရဲ့ Han Boxiao က Weibo ဖုန်းရဲ့ ဒီဇိုင်းကို မျှဝေခဲ့ပြီး၊ ဆွဲဆောင်မှုရှိတဲ့ Horizontal Camera Layoutပုံစံမျိုးနဲ့ ထွက်ပေါ်လာမယ်လို့သိရပါတယ်။

Operating System က Android 16-အခြေခံ OriginOS 6 နဲ့လာမယ်လို့သိရပါတယ်။

နိုင်ငံတကာဈေးကွက်မှာတော့ Vivo X300 FE အမည်နဲ့ ပြန်လည် မိတ်ဆက်လာနိုင်ခြေရှိပါတယ်။

Vivo S50 Pro Mini ကတော့ Flagship အဆင့် စွမ်းဆောင်ရည်မြင့် Compact ဖုန်းကိုကြိုက်သူများအတွက် ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။


Latest