X ပလက်ဖောင်း ဆိုက်ဘာတိုက်ခိုက်ခံရ
အီလွန်မတ်စ်ပိုင် X ကတော့ ဆိုက်ဘာတိုက်ခိုက်ခံလိုက်ရပြီး တစ်ရက်တည်း ၃ ကြိမ် အဆင်မပြေဖြစ်ခဲ့ရပြီး User တွေ အခက်အခဲဖြစ်ခဲ့ရပါတယ်။
DownDetector မှာတော့ X ဟာ မနက် ၆ နာရီ ၊ မနက် ၁၀ နာရီနဲ့ ညနေ ၂ နာရီတွေမှာ လိုင်းတွေ ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ X လိုင်းကျသွားတာဟာ DDoS လို့ ခေါ်တဲ့ server ကျပြီး ဝင်မရအောင် လုပ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုကြောင့်လို့ အီလွန်မတ်စ်က ပြောပါတယ်။
ဝက်ဘ်ဆိုက်ရော app ပါ သုံးမရ ဖြစ်သွားခဲ့တာပါ။
ဒီအဖြစ်အပျက်တွေကနေ X ကတော့ Server Security မြှင့်တင်မှုတွေပိုမိုဦးစားပေးပြီး လုပ်ကိုင်သွားနေပြီဖြစ်ပြီး နောက်နေ့တွေမှာပုံမှန်အတိုင်းအသုံးပြုလို့ရခဲ့ပြီဖြစ်ပါတယ်။







Leave a Reply
You must be logged in to post a comment.