Xiaomi ဖုန်းတွေရဲ့ အနောက်ဘက်မှာ Camera တစ်လုံးတပ်ဖို့လုပ်နေ 

Xiaomi ဖုန်းတွေရဲ့ အနောက်ဘက်မှာ Camera တစ်လုံးတပ်ဖို့လုပ်နေ 

Xiaomi ကတော့ ဖုန်းမှာ Camera ထည့်မယ့်အပြင် Camera Lens ပါ တပ်ပါတော့မယ့်ပုံပါပဲ။

ဒီ အကြောင်းကိုတော့ Global မိတ်ဆက်ပွဲမှာ ချပြသွားတာဖြစ်ပြီး  Xiaomi 15 မိတ်ဆက်ပြီးတော့ ဒီဖုန်းရဲ့ ကျောဘက်မှာ Lens တပ်ဖို့နေရာ ထည့်ပေးမယ်လို့လည်း Hint အနေနဲ့ပေးသွားပါတယ်။ 

ဒီပုံအတိုင်းဆို Camera Lens ကကပ်လို့ တပ်လို့ရတဲ့ ပုံစံမှာပြုလုပ်ထားပြီး ဘယ် Lens နဲ့မဆို Xiaomi  ရဲ့ Main Camera နဲ့ ချိတ်ဆက်လာနိုင်တယ်လို့သိရပါတယ်။ 

ဒီလိုပုံစံမျိုးကိုတော့ Xiaomi က ပထမဦးဆုံး လုပ်တာတော့ မဟုတ်ဘူးပေါ့။ အရင်တုန်းက Samsung နဲ့ Sony တို့က ပြိုင်ထုတ်ခဲ့ကြဖူးသေးပေမယ့် အခုတော့ Xiaomi က Design အဆန်းနဲ့ မိတ်ဆက်လာတော့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းသွားတာပါပဲ။

နောက်ပိုင်းတော့ ဒီ့ထက် ပိုတဲ့ အရာတွေကို Xiaomi အနေနဲ့ ချပြလာဦးမယ်လို့ မျှော်လင့်လို့ရပါတယ်။ 


Latest