စမတ်ပစ္စည်းတွေကို ထိန်းချုပ်နိုင်တော့မယ့် Samsung

စမတ် ပစ္စည်းတွေဆိုတာ အခုလို ခေတ်ကြီးထဲမှာ နေရာတော်တော်ယူလာပြီး ကားတို့၊ ဆိုင်ကယ်တို့က အစ Lock တွေကို Phone တွေနဲ့ လုပ်လို့ရနိုင်နေပြီဖြစ်ပါတယ်။
အခုဆိုရင် Samsung ဖုန်းတွေမှာ UWB ကို အသုံးပြုထားမှာ ဖြစ်ပြီး NFC နဲ့ Tap to unlock function ကို အသုံးပြုနိုင်တော့မှာဖြစ်ပြီး ဒီ Feature ကတော့ နောက်နှစ်က စတင်ကာ Samsung ဖုန်းတွေမှာ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။
Samsung အနေနဲ့ Aliro Smart Lock Standard ကို ထောက်ပံ့ပေးတော့မှာဖြစ်ပြီး Wallet ကနေတစ်ဆင့် Digital Home Key မှာ ထည့်သွင်းပေးမှာပါ။ ဒါဆိုရင်တော့ တံခါး ဖွင့်ဖို့ ဖုန်းကို Unlock လုပ်စရာမလိုတော့ပဲ ဖုန်းလေးနဲ့ဖွင့်လိုက်ရုံနဲ့ရနိုင်မှာဖြစ်ပါတယ်။
ဒီ Feature ကို Support ပေးမယ့် Model တွေကတော့ Samsung UWB ကို Support လုပ်တဲ့ Feature ဖုန်းထဲမှာ ပါမှ အသုံးပြုလို့ရနိုင်မှာဖြစ်ပြီး နောက်ဆုံးထွက် Model တွေမှာ အသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်။

Latest