Your cart is currently empty!
ဇူလိုင်လ ၉ ရက်နေ့မှာ Samsung က မိတ်ဆက်မယ့် Galaxy Z Series အသစ်ရဲ့ဈေးနှုန်းတွေကို အီတလီက NieuweMobiel ဆိုတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုမှာ တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်က Z Fold 6 နဲ့ Z Flip 6 ထက် ဒေါ်လာ ၂၀၀ လောက် ဈေးပိုတက်လာတယ်လို့ ဖော်ပြထားပါတယ်။
Samsung က ဖုန်းရဲ့အချက်အလက်တွေ ပေါက်ကြားမှာကို စိုးရိမ်တဲ့အတွက် ကုဒ်နာမည်အသစ်တွေကိုပဲ သုံးထားတာကို သတိပြုမိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီဖုန်းတွေက Z Fold 7 နဲ့ Z Flip 7 ဖြစ်လာမယ်လို့ လူတွေက ထင်ကြေးပေးထားကြပါတယ်။
Z Fold 7 (ကုဒ်နာမည် Q7) ကတော့ Z Fold 6 ထက် ဒေါ်လာ ၂၀၀ နီးပါး ဈေးတက်လာပြီး၊ Z Flip 7 (ကုဒ်နာမည် B7) ကတော့ Z Flip 6 ထက် ဒေါ်လာ ၁၀၀ လောက် ပိုများလာပါတယ်။ ဒီဈေးနှုန်းတွေက အီတလီမှာ ကောက်ခံတဲ့ အခွန်တွေအပါအဝင် တွက်ချက်ပြီးသားလို့ ဆိုပါတယ်။
Z Fold 7 က ဈေးကြီးပေမယ့် Samsung ကိုယ်တိုင် “Ultra Performance” လို့ ချီးကျူးထားတယ်။ ပြီးတော့ ပြီးခဲ့တဲ့နှစ်ကထက် ပိုပါးပြီး ပေါ့ပါးလာမယ်လို့ သတင်းတွေထွက်နေတာမို့ လူတော်တော်များများ စိတ်လှုပ်ရှားစွာ မျှော်လင့်နေကြတယ်။
ဒါပေမယ့် Z Flip 7 ကတော့ သိပ်အသံမထွက်သလို ဖြစ်နေပါတယ်။ အဲဒီအစား Z Flip 7 FE ကိုတော့ လူတွေက ပိုစောင့်မျှော်နေကြပါတယ်။ သတင်းတွေအရ Z Flip 7 FE က Z Flip 6 ထက်တောင် ဈေးသက်သာမယ်လို့ ပြောနေကြတယ်။






