ရည်းစား အယောက် ၂၀ ဆီက ရတဲ့ iPhone တွေရောင်းပြီး အိမ်ဝယ်ခဲ့တဲ့ တရုတ်အမျိုးသမီး

ရည်းစား အယောက် ၂၀ ဆီက ရတဲ့ iPhone တွေရောင်းပြီး အိမ်ဝယ်ခဲ့တဲ့ တရုတ်အမျိုးသမီး

တရုတ်အမျိုးသမီးတစ်ဦးရဲ့ အံ့မခန်းအိမ်ဝယ်ယူမှု ဇာတ်လမ်းဟာ လူမှုကွန်ရက်ပေါ်မှာ တော်တော်လေးကို ရေပန်းစားနေပါတယ်။ သူမဟာ ရည်းစား အယောက် ၂၀ နဲ့ တွဲခဲ့ပြီး ရည်းစားတစ်ဦးစီကနေ iPhone တစ်လုံးစီ လက်ဆောင်ရခဲ့တယ်လို့ ဆိုပါတယ်။

ဒီ iPhone အလုံး ၂၀ ကို သူမက ပြန်လည်ရောင်းချခဲ့ပြီး ရရှိလာတဲ့ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ (တစ်လုံးကို ၁,၀၀၀ ဒေါ်လာနှုန်းနဲ့ တွက်ရင်) ကို အိမ်တစ်လုံးဝယ်ဖို့အတွက် စရန်ငွေအဖြစ် အသုံးပြုခဲ့တာပါ။

ဒီဖြစ်ရပ်ကို ကြားရတဲ့အခါ တချို့က သူမရဲ့ ဉာဏ်ပြေးတဲ့ စီးပွားရေးအတွေးအခေါ် လို့ ချီးကျူးကြပါတယ်။ တချို့ကတော့ ဒါကို ရဲရင့်လှတဲ့ ဆက်ဆံရေးဗျူဟာ တစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ လက်ဆောင် ၂၀ ကနေ ကိုယ်ပိုင်အိမ်တစ်လုံး ဖြစ်လာအောင် ဖန်တီးနိုင်ခဲ့တာကတော့ တကယ်ကို ကြမ်းတဲ့ ရည်းစားချုပ်နည်းလို့တော့မြင်မိပါတယ။​


Latest