လူမရှိ၊ မီးမလိုဘဲ တစ်စက္ကန့်ကို ဖုန်းတစ်လုံး ထုတ်ပေးနေတဲ့ Xiaomi ရဲ့ “Dark Factory”

လူမရှိ၊ မီးမလိုဘဲ တစ်စက္ကန့်ကို ဖုန်းတစ်လုံး ထုတ်ပေးနေတဲ့ Xiaomi ရဲ့ “Dark Factory”

အနာဂတ်ကမ္ဘာရဲ့ စက်ရုံတွေက ဘယ်လိုမျိုးလဲဆိုတာ သိချင်ရင် ပေကျင်းမြို့က Xiaomi ရဲ့ စက်ရုံသစ်ကြီးကို ကြည့်လိုက်ရုံပါပဲ။ လူသားလုပ်သားတစ်ဦးမှ မရှိဘဲ စက်ရုပ်တွေနဲ့ AI ကသာ အုပ်စိုးထားတဲ့ ဒီစက်ရုံဟာ နည်းပညာလောကကို အံ့အားသင့်စေခဲ့ပါတယ်။

ဘာကြောင့် “Dark Factory” လို့ ခေါ်တာလဲ? 🌑

ဒီစက်ရုံမှာ အလုပ်လုပ်နေတာက လူတွေမဟုတ်ဘဲ အဆင့်မြင့်စက်ရုပ်တွေနဲ့ အလိုအလျောက်စနစ်တွေ ဖြစ်တာကြောင့် မီးဖွင့်ထားဖို့တောင် မလိုပါဘူး။ မှောင်မိုက်နေတဲ့ ပတ်ဝန်းကျင်မှာတင် စက်ရုပ်တွေဟာ အမှားအယွင်းမရှိ တိတိကျကျနဲ့ ၂၄ နာရီပတ်လုံး အလုပ်လုပ်နိုင်တာကြောင့် “Dark Factory” (မှောင်မိုက်နေသော စက်ရုံ) လို့ တင်စားခေါ်ဝေါ်ကြတာပါ။

စတုရန်းကိုက် ၁ သိန်းနီးပါး ကျယ်ဝန်းတဲ့ နေရာမှာ Xiaomi ရဲ့ ကိုယ်ပိုင် HyperIMP အသိဉာဏ်မြင့်စနစ်က အရာအားလုံးကို ထိန်းချုပ်ထားပါတယ်။

၁ စက္ကန့်ကို စမတ်ဖုန်း (၁) လုံးနှုန်းနဲ့ တစ်နှစ်စာ ထုတ်လုပ်မှုအတွက် အလုံးရေ (၁၀) သန်းအထိ ထုတ်လုပ်သွားမှာပါ။

အရည်အသွေး စစ်ဆေးမှုကိုပါ AI က တာဝန်ယူတာကြောင့် လူသားတို့ရဲ့ အမှား (Human Error) ဆိုတာ လုံးဝ မရှိသလောက်ပါပဲ။

ဒါဟာ Xiaomi အတွက်တင်မကဘဲ တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုလောကမှာ AI ကို အခြေခံတဲ့ “လူမဲ့စက်ရုံ” ခေတ်ဦးကို စတင်လိုက်တဲ့ သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။


Latest