0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
ဆိုးလ်မှာ လုပ်ကြည့်သင့်တဲ့ ထိပ်တန်း ကိုရီးယားရိုးရာ activities 4 ခု
May 20, 2025
—
by
Milo Kevin
in
Travel
ဆိုးလ်မှာ လည်ပတ်တဲ့အခါ Gyeongbok နန်းတော် ဒါမှမဟုတ် Hanok Village တို့လို နာမည်ကြီး နေရာတွေအပြင် တခြားအံ့သြဖွယ်ကောင်းတဲ့ ကိုရီးယားရိုးရာ activities များစွာရှိပါသေးတယ်။ ဒီနေ့မမှာတော့ ဆိုးလ်မြို့ရဲ့ စိတ်လှုပ်ရှားစရာ ကိုရီးယားရိုးရာနေရာတွေမှာ ဘယ်လိုမျိုး ကိုရီးယားဆန်လို့ရမလဲဆိုတာ ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။
1. Changdeokgung နန်းတော်နဲ့ Huwon ဥယျာဥ်ကို သွားရောက်လည်ပတ်ကြည့်ပါ။
Changdeokgung နန်းတော်ကတော့ ဆိုးလ်မှာရှိတဲ့ အကြီးဆုံးနန်းတော်မဟုတ်ပေမယ့် သူ့ရဲ့ သဘာဝအလှကြောင့် လူသိများပါတယ်။ အဆောက်အဦးတွေရဲ့ ဗိသုကာလက်ရာတွေနဲ့ ဒီနန်းတော် အတွင်းရှိဥယျာဉ်နှစ်ခုလုံးဟာလဲ ကိုရီးယားရိုးရာလှုပ်ရှားမှုတွေအတွက် ဒေသခံတွေနဲ့ ခရီးသွားတွေအကြားကျော်ကြားလာခဲ့ပါတယ်။
နွေရာသီမှာ Changdeokgung နန်းတော်ရဲ့ Secret Garden မှာ ရိုးရာအကအလှတွေကနေ တူရိယာ သရုပ်ပြမှုတွေအထိ ညနေခင်းအချိန်မှာ ကျင်းပလေ့ရှိပါတယ်။ ဒီနန်းတော်နဲ့ဥယျာဉ်အတွင်းမှာ နာမည်ကြီးကျော်ကြားတဲ့ အိမ်တော်တွေ၊ ရေတံခွန်တွေနဲ့ ရေကန်တွေကိုလဲ လည်ပတ်လေ့လာနိုင်ပါတယ်။ ဆိုးလ်လို လူစည်ကားတဲ့မြို့ကြီးမှာ ဒီနန်းတော်နဲ့ ဥယျာဉ်တွေဟာ စိတ်လှုပ်ရှားဖွယ် အေးချမ်းတည်ငြိမ်တဲ့ နေရာတခုအဖြစ် ရပ်တည်နေပါတယ်။
အနီးဆုံးဘူတာ – Huwon Gardens ကို Anguk ဘူတာ ထွက်ပေါက် 3 ကနေ မိနစ် 20 လောက် လမ်းလျှောက်ရပါတယ်။
ဖွင့်ချိန် – နံနက် ၉း၃၀ မှ ညနေ ၅း၃၀ (တနင်္လာနေ့) ပိတ်ပါတယ်။
ဝင်ကြေး – လူကြီးတွေအတွက် ဝမ် 10,000 နဲ့ ကလေးတွေအတွက် ဝမ် 5,000 ဖြစ်ပါတယ်။ ဒီလက်မှတ်စျေးနှုန်းမှာ Secret Garden ခရီးစဉ်အပါအဝင် နန်းတော်ရဲ့ အစိတ်အပိုင်းအားလုံးကို ဝင်ရောက်ခွင့် ပါဝင်ပါတယ်။
2. Tongin ဈေးမှာ ဒေသခံတစ်ယောက်လို ရိုးရာ အစားအသောက်တွေကို မြည်းကြည့်ပါ။
ဆိုးလ်မှာရန် ကိုရီးယားရိုးရာ activities ပြုလုပ်ဖို့ ရှာဖွေနေရင်တော့ Tongin Market ရှိပါတယ်။ ဒီစျေးဟာ ဆိုးလ်ရဲ့နာမည်ကြီး နန်းတော်ဖြစ်တဲ့ Gyeongbokgung အနီးမှာရှိတဲ့ ရိုးရာဈေး တစ်ခုဖြစ်ပါတယ်။ စျေးမှာရှိတဲ့ ဆိုင်တွေကနေ ပစ္စည်းဝယ်ယူချင်ရင်တော့ 15 ရာစုစတိုင် ကိုရီးယားဒင်္ဂါးပြားတွေကို အသုံးပြုပြီး ငွေပေးချေနိုင်တာကြောင့် ဆိုးလ်မှာရှိတဲ့ တခြားစျေးတွေနဲ့ မတူတဲ့ ဒီစျေးရဲ့ ထူးခြားချက်ဖြစ်ပါတယ်။ စျေးအလယ်က customer center ကနေ ဒင်္ဂါးပြားတွေကို လဲနိုင်ပါတယ်။ ဒီဒင်္ဂါးပြားတွေကို အသုံးပြုပြီး ဆိုင်တွေကနေ အစားအစာတွေကို ဝယ်ယူပြီး စင်တာကဖွင့်ထားတဲ့ canteen မှာ အေးဆေးစားနိုင်ပါတယ်။ ဆိုးလ်ကို ပထမဆုံးအကြိမ် ရောက်တာဆိုရင် ဒီဈေးမှာ ရိုးရာ လမ်းဘေးအစားအစာ မျိုးစုံကို မြည်းစမ်းကြည့်ဖို့ အကြံပေးပါရစေ။ ဒီဈေးမှာ ကိုရီးယား အဓိက ရိုးရာ အစားအစာတွေဖြစ်တဲ့ ထမင်းလိပ်၊ ဖက်ထုပ်၊ တော့ပိုကီ တို့ကို မြည်းစမ်းကြည့်နိုင်ပါတယ်။
အနီးဆုံးဘူတာ – ဒီစျေးဟာ Gyeongbok နန်းတော်အနောက်ဘက်၊ Gyeongbokgung ဘူတာရဲ့ ထွက်ပေါက် 2 အနီးမှာ တည်ရှိပါတယ်။ ဈေးကို ဘူတာရုံထွက်ပေါက်ကနေ ၁၅ မိနစ်ခန့် လမ်းလျှောက်ရပါတယ်။
ဖွင့်ချိန်- နံနက် ၉ နာရီမှ ညနေ ၆ နာရီ (စနေ၊ တနင်္ဂနွေတွေမှာ ဆိုင်အများစု မဖွင့်ကြောင်း သတိပြုပါ)။
ကုန်ကျစရိတ်- ဝမ် 5,000 အတွက် တိုကင် ၁၀ ခု (တိုကင်တွေအတွက် ငွေပေးချေမှုကတော့ ငွေသားနဲ့ဘဲ ရနိုင်ပါတယ်။)
3. ကိုယ့်ရဲ့ နာမည်နဲ့ ကိုယ်ပိုင် ကျောက်တုံးတံဆိပ်တုံးကို ဒီဇိုင်းဆွဲကြည့်ပါ။
ဆိုးလ်မှာ ရေပန်းအစားဆုံး ကိုရီးယားရိုးရာ activities တွေထဲက တစ်ခုကတော့ ကိုယ်ပိုင် ကျောက် Dojang ကို ပြုလုပ်ခြင်းဖြစ်ပါတယ် ။ Dojang ကတော့ Joseon ခေတ် (1392-1910) ကတည်းက အသုံးပြုခဲ့ကြတဲ့ တံဆိပ်တုံးတွေ ဖြစ်ပါတယ်။ ဒီတံဆိပ်ခေါင်းတွေကို ယနေ့တိုင် အသုံးပြုနေဆဲဖြစ်ပြီး ကိုရီးယားနိုင်ငံမှာ တရားဝင်စာရွက်စာတမ်းတွေမှာ အစဉ်အလာအားဖြင့် လက်မှတ်အစားထိုးအဖြစ် အသုံးပြုကြပါတယ်။ Dojang များကို ပုံမှန်အားဖြင့် သေးငယ်တဲ့ ကျောက်တုံးတွေပေါ်မှာ ကိုရီးယားနာမည် တံဆိပ်တစ်ခုကို ဓားသေးလေးတွေနဲ့ ထွင်းထုဖန်တီးကြပါတယ်။ Insadong ရှိ Jeongju Kim ဆိုသူရဲ့ စတူဒီယိုမှာ ‘Feel So Good Calli’ workshop ရှိပြီး အဲ့မှာ ကိုယ့်နာမည်ကို အသုံးပြုပြီး ဒီဇိုင်းတစ်ခုကို ဖန်တီးနိုင်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို ကိုရီးယား ဒါမှမဟုတ် အင်္ဂလိပ်ဘာသာနဲ့ ပြုလုပ်နိုင်ပြီး တစ်ကြိမ်ကို ခြောက်ဦးအထိ ကိုရီးယားအနုပညာနဲ့ ယဉ်ကျေးမှုကို ၃ နာရီကြာ သင်ကြားပို့ချပေးပါတယ်။
အနီးဆုံးဘူတာ- တဲ့ Anguk ဘူတာ လိုင်း ၃၊ ထွက်ပေါက် ၆ ကနေ ၃ မိနစ်လောက် လမ်းလျှောက်ရပါတယ်။ ကိုရီးယားရဲ့ ရှေးအကျဆုံး စာအုပ်ဆိုင်ဖြစ်တဲ့ ‘Tongmungwan’ ရဲ့ တတိယထပ်မှာ ဖြစ်ပါတယ်။
စတူဒီယိုလိပ်စာ : 55-1၊ (Insadong-gil၊ Jongno-gu၊ Seoul၊ 03145။
(ကိုရီးယားလိပ်စာ- 03145၊ 서울 특별시၊ 종노구၊ 인사동길၊ 55-1)၊ 3층)
ကုန်ကျစရိတ် – ဝမ် 60,000။
4. Mangwon မှာ Kimchi making workshop ကို သွားရောက်လေ့လာကြည့်ပါ။
ကင်မ်ချီကတော့ တောင်ကိုရီးယားနိုင်ငံ signature အစားအစာတစ်ု ဖြစ်တာကြောင့် ကင်မ်ချီလုပ်နည်းကို လေ့လာခြင်းကလဲ ကိုရီးယားရိုးရာ activities တွေထဲက တစ်ခုအဖြစ် မှတ်ယူနိုင်ပါတယ်။ ကင်မ်ချီအမျိုးပေါင်း 100 ကျော်ရှိပေမယ့်လဲ ဒီ workshop ကနေ ကင်မ်ချီအမျိုးအစားလေးမျိုး (ဂေါ်ဖီထုပ် ကင်မ်ချီ၊ ဂေါ်ဖီချဉ်ကင်မ်ချီ၊ မုန်လာဥကင်မ်ချီ၊ သခွားသီးကင်မ်ချီ) ပြင်ဆင်နည်းကို လေ့လာနိုင်ပါတယ်။ ကင်မ်ချီရဲ့ အရေးပါပုံနဲ့ ဇစ်မြစ်အကြောင်း လေ့လာဖို့ နာမည်ကျော် Mangwon Market ကို သွားရောက်လေ့လာနိုင်ပါတယ်။ Mangwon ဈေးတဝိုက်မှာ Kimchi making workshop တွေရှိပါတယ်။
#seoul #thingstodo #korea #myanmar #myangoal #airticket #travel #visit #activities
←
Previous:
Bill Gates ရဲ့ ၉၉% ပိုင်ဆိုင်မှု လှူဒါန်းမယ့် Gates Foundation
Next:
Bezel မမြင်ရတဲ့ ဒီဇိုင်းနဲ့ iPhone ကို မြင်ရဖို့ရှိ
→
Latest
Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
ဗီဒီယိုတည်းဖြတ်သူတွေနဲ့ Content Creator တွေအတွက် အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ နည်းပညာလောကရဲ့ ထိပ်သီး Apple…
Read more
: Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံဟာ တကယ်တော့ လက်တွေ့ဆန်တဲ့ အကြောင်းပြချက်တွေကြောင့် ဖြစ်တည်လာခဲ့တာပါ။…
Read more
: Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့ Android ရဲ့ Developer Menu…
Read more
: Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Apple ကနေ မနေ့ကပဲ iOS 26.5 ကို တရားဝင်ထုတ်ပေးလိုက်ပါပြီ
Apple ကနေ မနေ့ကပဲ iOS 26.5 ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပြီး ဒီ Update ရဲ့…
Read more
: Apple ကနေ မနေ့ကပဲ iOS 26.5 ကို တရားဝင်ထုတ်ပေးလိုက်ပါပြီ
Xiaomi ဖုန်းအသုံးပြုသူတွေအတွက် သီးသန့် Theme တွေ ထပ်ရှာနေစရာ မလိုတော့မယ့် သတင်းကောင်းတစ်ခု
Xiaomi ဖုန်းအသုံးပြုသူတွေအတွက် သီးသန့် Theme တွေ ထပ်ရှာနေစရာ မလိုတော့မယ့် သတင်းကောင်းတစ်ခု ထွက်ပေါ်လာပါတယ်။ လာမယ့်…
Read more
: Xiaomi ဖုန်းအသုံးပြုသူတွေအတွက် သီးသန့် Theme တွေ ထပ်ရှာနေစရာ မလိုတော့မယ့် သတင်းကောင်းတစ်ခု
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications