ကိုရီးယားရဲ့ နွေရာသီမှာ ရေပန်းအစားဆုံး ခရီးစဉ်များ

နွေရာသီရောက်ပြီဆိုရင်တော့ ခရီးသွားချင်စိတ်တွေဟာ မြင့်တက်လာကြပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal Travel ကနေပြီးတော့ ကိုရီးယားရဲ့ နွေရာသီမှာ ရေပန်းအစားဆုံးခရီးစဉ်တွေ ဖြစ်တဲ့ Jeju ကျွန်း၊ Gangwon-do ပြည်နယ်အတွင်းရှိ Gangneung/ Yangyang နဲ့ Sokcho တို့၊ Boryeong မြို့၊ Busan မြို့နဲ့ Pohang မြို့တို့အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဘယ်နေရာတွေ သွားဖို့ စိတ်ဝင်စားလဲ ဆိုတာကိုတော့ ကောမန့်မှာ မန့်ခဲ့လို့ရပါတယ်။ ခရီးစဥ်တွေအကြောင်း ဆက်ပြီးသိချင်သေးရင်တော့ ဖတ်ကြည့်ကြည့်လိုက်ပါ။

📍 Jeju ကျွန်း
Jeju ကျွန်းကတော့ လှပတဲ့ ကမ်းခြေတွေရယ်၊ ကြည်လင် ပြတ်သားတဲ့ ပင်လယ်ရေတွေကြောင့် ကိုရီးယားရဲ့ နွေရာသီ ခရီးစဥ်တွေထဲ အကျော်ကြားဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ Jeju ကျွန်းဟာ ခရီးသွားဧည့်သည်တွေကို သဘာဝအလှအပတွေနဲ့ ဆွဲဆောင်နိုင်ရုံ သာမက ရေပေါ်ကစားနည်းတွေ ရှိတာကြောင့်လဲ နာမည်ကြီးပါတယ်။ Jeju ကျွန်းက အကျော်ကြားဆုံးနဲ့ ရေပန်းအစားဆုံး ကမ်းခြေတွေကတော့ –
Hyeopjae (협재해수욕장) ကမ်းခြေ နဲ့ Geumneung Euddeum (금능으뜸해변) ကမ်းခြေကတော့ ကျွန်းရဲ့ အနောက်ဘက် ကမ်းရိုးတန်းမှာ တည်ရှိပါတယ်။
Jungmun (중문해수욕장) ကမ်းခြေကတော့ တောင်ဘက်ပိုင်းမှာ တည်ရှိပြီး လှိုင်းစီးရတာကြိုက်တဲ့ သူတွေအတွက် အလွန်မြင့်မားတဲ့ လှိုင်းလုံးတွေရှိတာကြောင့် လှိုင်းစီးတဲ့ အတွေ့အကြုံ ကိုရနိုင်ပါတယ်။
Ihotewoo (이호테우해변)ကမ်းခြေကတော့ မြို့တော် Jeju-si အနီးမှာ တည်ရှိပါတယ်။
Hamdeok (함덕해수욕장) ကမ်းခြေကတော့ မြောက်ဘက်ကမ်းရိုးတန်းမှာ တည်ရှိပြီး လူငယ်တွေကြား ရေပန်းစားပြီး သွားလာရတာလဲ လွယ်ကူပါတယ်။

📍 Gangwon-do ပြည်နယ်
ကိုရီးယားနိုင်ငံ အရှေ့မြောက်ဘက်ရှိ Gangwon-do ပြည်နယ်၊ Sokcho မြို့ရှိ Seoraksan အမျိုးသားဥယျာဉ် နဲ့ Yangyang-gun ခရိုင်မှာရှိတဲ့ Naksansa ဘုရားကျောင်း တို့ဟာ ဒီပြည်နယ်အတွင်း ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်မှု အများဆုံး နေရာနှစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Yangyang ရှိ ခေတ်မီတဲ့ ကမ်းခြေတခုဖြစ်တဲ့ Surfyy Beach မှာဆိုလဲ လှိုင်းစီးတာနဲ့ paddle boarding လှော်တက်တာ လုပ်လို့ရတဲ့အတွက် ရေပန်းစားပါတယ်။ ဒီပြည်နယ်တဝိုက်က ကမ်းခြေတွေဟာ အပူပိုင်း‌ဒေသ ကမ်းခြေတွေနဲ့ဆင်တူပြီး နွေရာသီတိုင်းမှာ လူငယ်တွေကို လာရောက် အပန်းဖြေဖို့ ဆွဲဆောင်လျက်ရှိပါတယ်။

တခြားရေပန်းစားတဲ့ Gangwon-do ပြည်နယ်အတွင်းရှိ ပင်လယ်ကမ်းစပ်ကတော့ တောင်ကိုရီးယားရဲ့ အရှေ့မြောက်ဘက်ကမ်းမှာရှိတဲ့ Gangneung ရဲ့ အပန်းဖြေစခန်းဘဲ ဖြစ်ပါတယ်။ ဒီကမ်းခြေက သဲတွေဟာ ဖြူဖွေးပြီး ပင်လယ်ရေကလဲ သန့်ရှင်းကြည်လင်ပါ။ ကိုရီးယားရဲ့ ဒီအရှေ့မြောက်ဘက်ပိုင်း ဧရိယာရဲ့ လေထုဟာ အနောက်ဘက်ကမ်းရိုးတန်းထက် ပိုသန့်ရှင်းပြီး ညစ်ညမ်းမှု နည်းတာကြောင့် ခရီးသွားတွေ ပိုပြီး အသွားများကြပါတယ်။ ဒါ့ပြင် Donghae မြို့ကနေ Ulleung ကျွန်းကို ကူးတို့ စီးလို့ရပါသေးတယ်။ ဒီ Ulleung ကျွန်းဟာ သူ့ဘာသာသူသီးခြားရှိနေပေမယ့် ကိုရီးယားနဲ့ ဂျပန်ကြား အငြင်းပွားမှုဖြစ်ရပြီး ကျော်ကြားတဲ့ Dokdo ကျွန်းကို ရောက်နိုင်တဲ့ တစ်ခုတည်းသောနေရာလည်း ဖြစ်ပါတယ်။

ကျန်နေသေးတဲ့ Boryeong မြို့၊ Busan မြို့နဲ့ Pohang မြို့တို့အကြောင်းကို နောက်ရက် ကျွန်တော်တို့ MyanGoal-Travel ကနေပြီးတော့ ထပ်မံတင်ဆက် ပေးသွားမှာမလို့ စောင်မျှော်နေကြပါဦးနော်။

လူကြီးမင်းတို့ Air Ticket အတွက်ဆို လွယ်ကူ သက်သာတာ MyanGoal Travel မှာပါ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်တော့
☎️ Hotline: 010-2497-1478
📱 010-7675-8498 (မနက် (၁၀) နာရီမှ ည (၇) နာရီ ရုံးချိန်အတွင်း)


Latest