Incheon International Airport (Terminal 1 Guide)

✈️ တောင်ကိုရိးယားနိုင်ငံသို့ အလည်အပတ်ဘဲသွားသွား၊ ကျောင်းဘဲသွားတက်တက်၊ EPS နဲ့ဘဲသွားသွား အင်ချွန်းလေဆိပ်ကို ရောက်ရင် အူလည်လည် မဖြစ်ရလေအောင် အင်ချွန်းလေဆိပ် Terminal 1 လမ်းညွှန်လေးကို ဖော်ပြ‌ပေးလိုက်ပါတယ်။

အင်ချွန်းလေဆိပ် Terminal 1
လိပ်စာ- 인천 중구 공항로 271 인천국제공항역
271 Gonghang-ro, Jung-gu, Incheon
Incheon လေဆိပ် Terminal 1 ကို မတူညီသော အထပ်လေးထပ်ဖြင့် ဖွဲ့စည်းထားပါတယ်။ B1 တွင် မြေအောက်ရထား စောင့်ဆိုင်းရန်နေရာ၊ ကားရပ်နားရန်နေရာ၊ food court တို့ ပါဝင်ပါတယ်။ ပထမထပ်က arrival အထပ်၊ ဒုတိယထပ်က လေကြောင်းလိုင်းရုံး၊ တတိယထပ်က departure အထပ်ဖြစ်ပြီး စတုတ္ထထပ်ကတော့ food court ဘဲဖြစ်ပါတယ်။

Check in ✔️
Terminal 1 မှာရပ်နားတဲ့ လေကြောင်းလိုင်းများက Terminal 2 တွင်ရှိသော လေကြောင်းလိုင်းများထက်ပိုများပါတယ်။ United Airlines၊ Air Canada၊ Asiana Airlines နှင့် အခြားလူကြိုက်များတဲ့ နာမည်ကြီးလေကြောင်းလိုင်းများလဲ Terminal 1 မှာရပ်နားကြပါတယ်။
ဒါ့အပြင် ကိုရီးယားပြည်တွင်းသို့ ခရီးသွားလိုပါက Air Seoul နှင့် Jeju Air ကဲ့သို့သော budget လေကြောင်းလိုင်းများ ရှိပါတယ်။ Vietnam Air နှင့် China Southern Airlines ကဲ့သို့ လေကြောင်းလိုင်းများဖြင့်လဲ အာရှရှိ အခြားနိုင်ငံများသို့လည်း ခရီးသွားလို့ရပါသေးတယ်။ တတိယထပ် departure အထပ်မှာ check-in counters A to N ရှိပြီး airline code အလိုက် သက်ဆိုင်ရာ check-in counters တွေရှိပါတယ်။

Transportation 🚍
ဆိုးလ်မှ အင်ချွန်းလေဆိပ် Terminal 1 သို့သွားရန် အမြန်ဆန်ဆုံးနှင့် အဆင်ပြေဆုံးနည်းလမ်းမှာ B1 ရှိ AREX Express ရထား ကိုစီးရမှာဖြစ်ပါတယ်။ ဆိုးလ်မြို့လယ်မှ လေဆိပ်သို့ သွားရန် နည်းလမ်းများစွာရှိသော်လည်း အမြန်ဆန်ဆုံးနှင့် အဆင်ပြေဆုံးနည်းလမ်းမှာ ဆိုးလ်ဘူတာမှ တိုက်ရိုက်ရထားဖြစ်သည့် AREX Express ရထားကို စီးတာကအကောင်းဆုံး ဖြစ်ပါတယ်။ ☑️ Airport Express Bus ကိုတော့Terminal 1 ၏ပထမထပ် Exit 4 နှင့် 9 ၏ဘေးတွင်၊ သို့မဟုတ် Exit 4 မှ 6,7,8 နှင့် 11 မှ 13 အပြင်ဘက်တွင်ရှိပြီး Seoul၊ Incheon နှင့် Gyeonggi အထိ သွားလို့ရပါတယ်။ အခမဲ့ Terminal Shuttle Bus ကို တတိယထပ်က departure အထပ်ကနေစီးနိုင်ပြီး ဆယ်မိနစ်တိုင်း ဘတ်စ်ကား လာပါတယ်။

Tax Refund 💰
ဂိတ်ဧရိယာအတွင်းရော အပြင်မှာပါ tax refund နေရာတွေလည်း ရှိပါတယ်။ customs ကိုမဖြတ်ခင် tax refund လုပ်ဖို့မေ့သွားရင်လဲ၊ အတွင်းမှာ tax refund လုပ်လို့ရတဲ့ နေရာတွေလည်း ရှိပါတယ်။
SIM Card and Wifi Rental 🛜
Wi-Fi
1F near Exit 7 on the west side
06:00 to 22:00
3F, near counter M
06:00 to 22:00
KT
1F West No. 10
3F near counter H
06:00 to 22:00
SK Telecom
3F near counter H
06:00 to 22:00
LG U+
3F near counter H
06:00 to 22:00

နောက်ရက်တွေမှာလဲ ဒီလိုစိတ်၀င်စားစရာလေးတွေကို တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ MyanGoal Travel ကို like & follow လုပ်သွားခဲ့လို့ရပါတယ်။ 여러분 လူကြီးမင်းတို့ Air Ticket အတွက်ဆို လွယ်ကူ သက်သာတာ MyanGoal Travel မှာပါ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်တော့ 📞 ဖုန်းနံပါတ် : 010-2497-1478 ကို ဆက်သွယ်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။


Latest