Your cart is currently empty!
အရင်တပတ်က Jinju မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့နေရာတွေဖြစ်တဲ့ Jinju ပွဲတော်အမျိုးမျိုးတွေ၊ Jinyang ရေကန်အကြောင်း၊ Jinjuseong ခံတပ်အကြောင်း တို့ကို ဖော်ပြပေးခဲ့ပါတယ်။ ဒီနေ့မှာလဲ ကျန်နေသေးတဲ့ Jinju မြို့က နေရာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
𝐉𝐢𝐧𝐣𝐮 အမျိုးသားပြတိုက်
Jinju အမျိုးသားပြတိုက်ဟာ ကမ္ဘာလှည့်ခရီးသွားများ လာရောက် လည်ပတ်လေ့ရှိတဲ့ ဆွဲဆောင်မှုတစ်ခုလဲ ဖြစ်ပါတယ်။ ဒီပြတိုက်ကို 1590 ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Imjin စစ်ပွဲ နောက်ကွယ်က သမိုင်းဆိုင်ရာဖြစ်ရပ်မှန်အကြောင်းတွေနဲ့ ရှေးဟောင်းပစ္စည်းတွေကို ထားရှိထားပါတယ်။ 626-35 Namgang-ro၊ Jinju-si၊ မှာရှိတဲ့ Jinju အမျိုးသားပြတိုက်ဟာ Jinju ခံတပ် ထဲမှာဘဲ တည်ရှိပါတယ်။ ဒီပြတိုက်ကို 1984 ခုနှစ် ဖေဖော်ဝါရီလမှာ ဖွင့်လှစ်ခဲ့ပါတယ်။ Jinju အမျိုးသားပြတိုက်ဟာ ကြီးကြီးမားမားမဟုတ်ပေမယ့် လည်ပတ်ဖို့ စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတလဲရတဲ့ နေရာတခုဖြစ်ပါတယ်။ ရှေးခေတ်ကိုရီးယားမင်းဆက်တွေနဲ့ ဂျပန်စစ်ပွဲတွေအကြောင်းကို ဒီနေရာမှာ ပြသထားပါတယ်။ ပြတိုက်ထဲသို့ ၀င်ခွင့်က အခမဲ့ဖြစ်ပေမယ့် ခံတပ်ထဲကို ဝင်ရင်တော့ ဝင်ကြေး ပေးဆောင်ရမှာပါ။ ပြတိုက်ကို အပတ်စဉ် 9:00 မှ 18:00 ထိ ဖွင့်ပါတယ်။ တနင်္ဂနွေ နဲ့ ရုံးပိတ်ရက်တွေဆိုရင်တော့ 9:00 မှ 19:00 အထိ ဘဲဖြစ်ပါတယ်။
𝐆𝐲𝐞𝐨𝐧𝐠𝐬𝐚𝐧𝐠𝐧𝐚𝐦𝐝𝐨 ပန်းဥယျာဉ်
ဒီပန်းဥယျာဉ်ကို လည်ပတ်ဖို့ အကောင်းဆုံးအချိန်ကတော့ ဆောင်းဦးရာသီ ဖြစ်ပြီး ဆောင်းဦးသစ်ရွက်တွေကို မြင်ရမယ့်အချိန်လဲ ဖြစ်ပါတယ်။ ဧရိယာက ကျယ်ဝန်းတဲ့အပြင် တိရစ္ဆာန်တွေနဲ့ အပင်အချို့ကို ပြသထားတဲ့ ဝါးတောတခုလဲ ရှိပါသေးတယ်။ သူငယ်ချင်းတွေနဲ့ ဒါမှမဟုတ် မိသားစုနဲ့ ပျော်ပွဲစားထွက်ဖို့ စိတ်ကူးထားရင် ဒီပန်းဥယျာဉ်ကို သွားနိုင်ပါတယ်။ သာယာပြီး သက်တောင့်သက်သာရှိတဲ့အပြင် ကားနဲ့ဆို Jinju မြို့လယ်ကနေ မိနစ် 30 ခန့် ရောက်နိုင်ပါတယ်။
𝐂𝐡𝐨𝐤𝐬𝐞𝐨𝐤𝐧𝐮 အိမ်တော်
Chokseoknu အိမ်တော် ဟာ Jinjuseong ခံတပ် အရှေ့တံခါးမှာရှိပါတယ်။ နေရာကတော့ 626 Namgang-ro, Jinju-si, Gyeongsangnam-do မှာရှိပါတယ်။ Goryeo မင်းဆက် Gojong ဘုရင်က 1241 ခုနှစ်မှာ ပထမဆုံး တည်ထောင်ခဲ့ပါတယ်။ Chokseoknu အိမ်တော် ဟာ နံရံတွေမပါတဲ့ အလှပဆုံး အဆောက်အဦတွေထဲက တခုဖြစ်ပါတယ်။ ဒီအိမ်တော်ဟာ နမ့်ဂန်မြစ်ရဲ့ ကျောက်ဆောင်ကမ်းပါးပေါ်မှာ တည်ရှိပြီး လှပတဲ့ သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်ပါတယ်။ ဒီအိမ်တော်ဟာ တစ်ချိန်က စစ်ဖြစ်ပွားနေစဉ်အတွင်း Jinju နန်းတော်ကို ကာကွယ်ဖို့အတွက် ကွပ်ကဲရေးစခန်းတခုလဲ ဖြစ်ခဲ့ပါတယ်။ အိမ်တော်ကို ပထမအကြိမ် ဆောက်ပြီးကတည်းက ပြုပြင်မွမ်းမံမှု (၈) ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ကိုရီးယားစစ်ပွဲအတွင်း မီးလောင်ပျက်စီးသွားသည့်တိုင် 1960 ခုနှစ်မှာ Jinju သမိုင်းဝင်နေရာထိန်းသိမ်းစောင့်ရှောက်ရေးအသင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။
အိမ်တော်ရဲ့ ဗိသုကာလက်ရာတွေဟာ ကောင်းမွန်ပြီး အသေးစိတ်အချက်အလက်တွေလဲ ရှိတာကြောင့် ဗဟုသုတအနေနဲ့ လေ့လာလို့လဲ ကောင်းပါတယ်။ အိမ်တော်ရှိ ကျောက်စာတိုင်များကို Chokseoknu တောင်ပေါ်က ကျောက်တုံးတွေနဲ့ တည်ဆောက်ထားပါတယ်။ နာမည်ကြီး စာရေးဆရာတွေနဲ့ ကဗျာဆရာတွေရဲ့ လက်ရာကောင်းတွေကိုလဲ ပြသထားပါသေးတယ်။ Chokseoknu အိမ်တော်ကနေ နမ့်ဂန်မြစ်ရဲ့ မြင်ကွင်းက ကြည်ရှုရတာ ရင်သပ်ရှုမောဖွယ် ကောင်းပါတယ်။
အိမ်တော် အနောက်ဘက်ခြမ်းရှိ နတ်ကွန်းကိုလဲ သွားရောက်နိုင်ပါတယ်။ နာမည်ကျော် Nongae ဆိုတဲ့ အမျိုးသမီးဖြစ်သူ Nongae ကို ဂုဏ်ပြုတဲ့အနေနဲ့ သေးငယ်တဲ့ ဘုရားကျောင်းကို တည်ဆောက်ခဲ့ပါတယ်။ ဖွင့်ချိန် 9:00 မှ 18:00 ထိ
𝐉𝐢𝐧𝐣𝐮 𝐍𝐚𝐦𝐠𝐚𝐧𝐠 𝐔𝐢𝐚𝐦 𝐑𝐨𝐜𝐤
ဒီကျောက်တုံးရဲ့ မျက်နှာပြင်ဟာ အနံ ၃.၆၅ မီတာ နဲ့ အရှည် ၃.၃ မီတာရှိပြီး နမ့်ဂန်မြစ်အထက်မှာ ရှိပြီး Jinjuseong ခံတပ် Chokseongnu ရဲ့ ကျောက်နံရံအောက်မှာ တည်ရှိတာ ဖြစ်ပါတယ်။ 1592 ခုနှစ် ဂျပန်တွေ မကျူးကျော်မီ ‘Wiam (Dangerous Rock)’ ဟုခေါ်ကြပါတယ်။
နာမည်ကျော် Nongae ဆိုတဲ့ အမျိုးသမီးဟာ Imjin စစ်ပွဲအတွင်းက ဂျပန်ဗိုလ်ချုပ်ကိုသတ်ဖို့ သူနဲ့အတူ Namgang မြစ်ထဲကို ခုန်ချခဲ့တဲ့နေရာဖြစ်ပါတယ်။ Imjin စစ်ပွဲအပြီးမှာ သူမရဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို အောက်မေ့ကာ ‘Uiam (Righteous Rock)’ ဟု အမည်ပေးခဲ့ကြပါတယ်။
𝐉𝐢𝐧𝐣𝐮 သစ်တောပြတိုက်
Jinju သစ်တောပြတိုက်ဟာ နိုင်ငံအတွင်း အကြီးဆုံးဖြစ်ပါတယ်။ ပြတိုက်မှာ ဂေဟဗေဒပြခန်း၊ ပြပွဲခန်းမ လေးခန်း၊ အပင်တွေ သတ္တဝါတွေရဲ့ ပုံစံနမူနာပြခန်းနဲ့ စာကြည့်ခန်းတို့ ပါရှိပါတယ်။ ကိုရီးယားနိုင်ငံရဲ့ တောင်ပိုင်းက သစ်တောတွေ အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲလာတာကို လေ့လာလို့ရမယ့် နေရာတခု ဖြစ်ပါတယ်။ သစ်တောစိုက်ပျိုးရေးအတွက် နမူနာပေါင်း ၂၀၀၀ ကျော်ကို ပြသထားပါသေးတယ်။
여러분 လူကြီးမင်းတို့ Air Ticket အတွက်ဆို လွယ်ကူ သက်သာတာ MyanGoal Travel မှာပါ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်တော့ 📞 ဖုန်းနံပါတ် : 010-2497-1478 ကို ဆက်သွယ်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။







Leave a Reply
You must be logged in to post a comment.