Your cart is currently empty!
YG Entertainment ကနေ ဖွဲ့စည်းထားတဲ့ တောင်ကိုရီးယားမိန်းကလေးအဖွဲ့ Blackpink ဟာ 2016 ခုနှစ်ပွဲဦးထွက်ကနေစတင်ကာ ကမ္ဘာတဝှမ်း လွှမ်းမိုးနိုင်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေဖြစ်တဲ့ Jisoo, Jennie, Rosé နဲ့ Lisa တို့ဟာ K-pop နယ်ပယ်ကို လွှမ်းမိုးနိုင်ရုံသာမကဘဲ နိုင်ငံတကာ ဂီတနယ်ပယ်မှာပါ ထင်ရှားကျော်ကြားခဲ့ပါတယ်။ 2024 ခုနှစ်အထိ Blackpink အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ တေးဂီတရောင်းချမှု၊ tours တွေနဲ့ တစ်ဦးချင်းပရောဂျက်တွေကြောင့် သူတို့ရဲ့ net worth ဟာ ပိုမိုများပြားလာခဲ့ပါတယ်။ ဒီနေ့မှာတော့ Blackpink အဖွဲ့ဝင်တွေ net worth တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Lalisa Manobal ၊ ၂၆ နှစ်၊ ခန့်မှန်းခြေ Net Worth ဒေါ်လာ ၂၅ သန်း
Lisa ဟာ “LALISA” နဲ့အတူ တစ်ကိုယ်တော် ပွဲဦးထွက်ပြီးနောက် စံချိန်ပေါင်းများစွာကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ အသစ်ထွက်ရှိထားတဲ့ Rockstar သီချင်းနဲ့လဲ အောင်မြင်မှု အတော်လေး ရရှိထားပါသေးတယ်။ Lisa ဟာ ဂီတနယ်ပယ်တွင်သာမက ဖက်ရှင်နဲ့ အလှအပနယ်ပယ်မှာလဲ မယုံနိုင်လောက်အောင် အောင်မြင်ခဲ့ပြီး Bulgari၊ Celine၊ Mac နဲ့ Prada ဇိမ်ခံအမှတ်တံဆိပ်တွေအတွက် brand ambassador ဖြစ်ပါတယ်။ Lisa ဟာ The Walking Dead season အသစ်မှာလဲ ပါဝင်သရုပ်ဆောင်မည်ဟု ကမ္ဘာတစ်ဝှမ်းရှိ မီဒီယာတချို့က ခန့်မှန်းထားကြပါသေးတယ်။ Lisa ဟာ ဘန်ကောက်မြို့ Suan Dusit တက္ကသိုလ်က လူပေါင်း ၇၀၀၀ ကျော်ကို စစ်တမ်းကောက်ယူမှု ပြုလုပ်တဲ့အခါ ထိုင်းနိုင်ငံရှိ နိုင်ငံရေးသမားတွေနဲ့ နာမည်ကြီးများကြားမှာ သြဇာအရှိဆုံး အဆိုတော်အဖြစ် မဲပေးရွေးချယ်ခံခဲ့ရပါတယ်။ Lisa ရဲ့ dance performances တွေဟာလဲ ဆိုရှယ်မီဒီယာမှာ ရေပန်းစားတာနဲ့အတူ ဖက်ရှင်လောကမှာ လွှမ်းမိုးမှုကြီးတာကြောင့် သူမရဲ့ net worth ဟာ ပိုမိုများပြားလာခဲ့ပါတယ်။
Jennie Kim ၊ ၂၈ နှစ်၊ ခန့်မှန်းခြေ Net Worth ဒေါ်လာ ၂၂ သန်း
Jennie ဟာ Chanel နဲ့ Calvin Klein တို့လို့ ဇိမ်ခံအမှတ်တံဆိပ်တွေရဲ့ brand ambassador ဖြစ်ရုံသာမက Chanel ရဲ့ Coco Crush ကမ်ပိန်းမှာလဲ ပါဝင်ခဲ့ပါသေးတယ်။ 2023 ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် Jennie ဟာ သူမ၏ တစ်ကိုယ်တော် ပရောဂျက်အားလုံးကို Odd Atelier (OA) label ကနေ ထုတ်ဝေမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒီ label ဟာ သူမကိုယ်တိုင် တည်ထောင်ထားတဲ့ label လဲ ဖြစ်ပါတယ်။ Jennie ဟာလဲ lisa လိုဘဲ ဖျော်ဖြေရေးနယ်ပယ် တွင်သာမက ဖက်ရှင်နဲ့ အလှကုန်တံဆိပ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကြောင့် သူမရဲ့ net worth ဟာ ပိုမိုများပြားလာခဲ့ပါတယ်။
HBO ကထုတ်တဲ့ The Idol ဟာ Jennie ရဲ့ Hollywood ပွဲဦးထွက်ဖြစ်ပါတယ်။ Jennie ဟာ TVN ကနေ 2024 ခုနှစ် February 23 မှာတဲ့ သရုပ်ဆောင်နှင့် ဟာသသရုပ်ဆောင် Yoo Jae-suk လည်း ပါဝင်တဲ့ Apartment 404 variety ရှိုးမှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
Jisoo Kim ၂၉ နှစ်၊ ခန့်မှန်းခြေ Net Worth ဒေါ်လာ သန်း ၂၀
Dior နဲ့ Cartier တံဆိပ်တွေရဲ့ brand ambassador လဲ ဖြစ်တဲ့ Jisoo ဟာ အလှအပနဲ့ ဖက်ရှင်အမှတ်တံဆိပ်တွေရဲ့ ထောက်ခံအားပေးမှုတွေကြောင့်လဲ ဖက်ရှင်လောကမှာ ရေပန်းစားပါတယ်။
တစ်ကိုယ်တော် ပရောဂျက်တွေကိုလဲ Jisoo ရဲ့ အစ်ကို Kim Jung-hun အေဂျင်စီ Blisoo ကနေဘဲ ပုလုပ်တော့မှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တဦးလဲ ဖြစ်တဲ့ Jisoo ဟာ
K-drama Snowdrop နဲ့ ပွဲဦးထွက်သရုပ်ဆောင်ခဲ့ပြီး ၂၀၂၄ မှာ K-drama zombie အချစ်ဇာတ်လမ်း Influenza နဲ့ ပြန်လည်ပွဲထွက်လာမှာဖြစ်ပါတယ်။ နာမည်ကြီး ကိုရီးယား webtoon ဖြစ်တဲ့ Omniscient Reader’s Viewpoint ကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးတဲ့အခါမှာလဲ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။
Rose Park၊ ၂၆နှစ်၊ ခန့်မှန်းခြေ Net Worth ဒေါ်လာ ၁၈ သန်း
Blackpink အဖွဲ့ဝင်အားလုံးမှာ နယူးဇီလန်ဖွား Rosé ဟာ သူမရဲ့ ထူးခြားတဲ့ အသံနဲ့ ဂီတစွမ်းရည်ကြောင့် လူသိများပါတယ်။ 2021 ခုနှစ်မှာ တစ်ကိုယ်တော် သီချင်းသစ် “On the Ground” နောက်ပိုင်း 2024 ခုနှစ်ထိ သူမရဲ့ အနုပညာလှုပ်ရှားမှုကတော့ နည်းပါတယ်။ Rosé ဟာ Sulwhasoo အလှကုန်တံဆိပ်၊ Rimowa ခရီးဆောင်အိတ်အမှတ်တံဆိပ်၊ Saint Laurent ဖက်ရှင်တံဆိပ်၊ Tiffany & Co. ကျောက်မျက်ရတနာတံဆိပ်တွေရဲ့ brand ambassador ဖြစ်ပါတယ်။ – Rosé သည် သတ်ပစ်ရန် လုပ်ဆောင်နေသည်မှာ ထင်ရှားပါသည်။ Tiffany ဟာ Rosé နဲ့ ပူးပေါင်းပြီး capsule collection ကို ထုတ်ဝေခဲ့ပါသေး။ Tiffany Lock Rosé Edition ခေါင်းစဉ်နဲ့ 18k နှင်းဆီရွှေရောင်နဲ့ ရှားပါးပန်းရောင်နီလာတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။







Leave a Reply
You must be logged in to post a comment.