Your cart is currently empty!
Hongdae မှာ ဘယ်လိုနေရာတွေ သွားလို့ကောင်းမလဲ ?
Myeongdong ကနေ မိနစ် ၂၀ ခန့် ရထားစီးသွားရင်တော့ Hongdae area ကိုရောက်ပြီဘဲ ဖြစ်ပါတယ်။ Hongdae ဟာစျေးဝယ်ထွက်လို့ကောင်းတဲ့အပြင်၊ အရသာရှိတဲ့ အစားအစာတွေ ကော်ဖီဆိုင်တွေ ပေါတဲ့နေရာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် လူငယ်တွေအကြိုက် club တွေလဲ တော်တော်များရှိတဲ့အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ လူငယ်တွေ သည်းခြေကြိုက် နေရာလေးလဲဖြစ်ပါတယ်။ ဒီနေ့မှာက Hongdae နေရာကောင်းလေးတချို့ကို သွားကြည့်ဖို့ အနည်းငယ်လေး လက်တို့ချင်လို့ပါ။
MPLAYGROUND (M Playground)
ဒီဆိုင်ကတော့ Discount clothing store တခုဖြစ်ပြီး ကိုရီးယားဖက်ရှင်တွေကို အလွယ်တကူဝယ်လို့ရတဲ့ ဆိုင်လဲဖြစ်ပါတယ်။ ခရီးသွားတွေအတွက်လဲ အခွန်ကင်းလွတ်ခွင့် ပေးထားပါသေးတယ်။
Line Friends Flagship Store
Line Friends ဇာတ်ကောင်တွေဟာ တောင်ကိုးရီးယားနှင့် အာရှတိုက်ရဲ့ နေရာအများစုတွင် ရေပန်းစားပါတယ်။ Hongdae ၏ L7 အဆောက်အဦတွင် တည်ရှိပြီး Line Friends Hongdae Flagship Store မှာ ချစ်စရာကောင်းတဲ့ BT21 Cafe လေးရှိတာကြောင့် ဆိုးလ်တွင် လည်ပတ်ဖို့ အကောင်းဆုံး Line Friends ဆိုင်များထဲမှ တစ်ခုဖြစ်ပါတယ်။ Line Friends Flagship Store ကို နေ့စဥ် ၁၂း၃၀ မှ ၈း၃၀ နာရီအထိ ဖွင့်လှစ်ပါတယ်။
Hongdae Street နှင့် Festival Street
ဒီလမ်းပေါ်တွင်မှာ street performers များ, pop-up ဆိုင်များနှင့် ကြက်ကြေ်နှင့် ဘီယာ စားသောက်ဆိုင်များ တော်တော်များတဲ့နေရာလဲ ဖြစ်ပါတယ်။ Hongdae မှာ အလုပ်အများဆုံးနေရာ (ခရီးသွားဗဟိုဟုလည်း ခေါ်နိုင်ပါတယ်။) နွေရာသီဆိုရင်တော့ ဒီလမ်းနှစ်ခုစလုံးမှာ ပေါ့ပ်အပ်စျေးဆိုင်များနှင့် street performers များနှင့် အဆိုတော်များစွာတို့အတွက် နေရာတခုဖြစ်ပြီး ဆောင်းရာသီဆိုရင်တော့ Christmas displays တွေနဲ့ Christmas theme အပြည့် ခံစားနိုင်မှာဘဲ ဖြစ်ပါတယ်။
NANTA Show
Hongdae ရဲ့ ညဘက်တွေမှာ ကြည့်ရှုစရာ entertainment များစွာရှိတဲ့အထဲမှ NANTA Show ကတော့ တော်တော်လေး လူကြိုက်များပြီး နာမည်ကြီးပါတယ်။ ဒီရှိုးကတော့ ကမ္ဘာ့နာမည်ကြီး ဟာသဟင်းချက်ခြင်းရှိုးတခုဖြစ်ပြီး 1997 ခုနှစ်မှစတင်ပြသခဲ့ပါတယ်။ အကျော်ကြားဆုံး ကိုရီးယားပြဇာတ်ရှိုးဖြစ်ပြီး NANTA Theatre ဟာ နိုင်ငံပေါင်း 60 ကျော်တွင် အကြိမ် 50,000 ကျော်ဖျော်ဖြေခဲ့ပြီးပြီ ဖြစ်ပါတယ်။
Dongjin ဈေး
Dongjin Market က Yeonnam-dong လမ်းဘေးတွင် တည်ရှိပြီး ဒေသခံ အနုပညာရှင်များနှင့် ကျောင်းသားများဟာ ၎င်းတို့ရဲ့ အနုပညာလက်ရာများနှင့် လက်လုပ်ပစ္စည်းများကို ရောင်းချသည့်နေရာတခုဖြစ်ပါတယ်။ ဒီစျေးထဲမှာ စားသောက်ဆိုင်များနှင့် ကာတွန်းရုပ်ပြောင် အနုပညာရှင်များ (cartoon caricature artists)ကိုလဲ တွေ့နိုင်ပါသေးတယ်။
ဒီနေ့အတွက်ကတော့ ဒီလောက်ပါဘဲ။ Hongdae ကတော့ လည်ပတ်စရာ ကောင်းတဲ့နေရာတခုဖြစ်ပြီး အဲ့ရောက်ရင်တော့ အပေါ်မှာ ပြောပြခဲ့တဲ့ နေရာလေးတွေကို သွားကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
#MyanGoal #myanmar #korea #hongdae #thingstodo
Boost this post to reach up to 2347 more people if you spend $42.







Leave a Reply
You must be logged in to post a comment.