Your cart is currently empty!
K-pop idol တွေဟာ ဖိအားများတဲ့ ဖျော်ဖြေရေးလောကမှာ မဟုတ်ဘဲ ဘဝအတွက် အချစ်ဇာတ်လမ်း စိန်ခေါ်မှုတွေကို ရှာဖွေခဲ့ကြသူတွေ ရှိပါတယ်။ ဒီနေ့မှာတော့ လက်ထပ်ပြီးတော့ ကိုယ်ပိုင်ဘဝအသီးသီးကို ရှာဖွေသွားကြပြီဖြစ်တဲ့ K-pop idol 10 ယောက် ကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်ခဲ့တဲ့ idol တွေပါလားဆိုတာ သိချင်ရင်တော့ ဖတ်ကြည့်ကြည့်လိုက်ပါ။
1. BIGBANG အဖွဲ့ဝင် Taeyang
BIGBANG အဖွဲ့ဝင်ဖြစ်တဲ့ Taeyang ဟာ မင်းသမီး Min Hyo Rin နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနာမည်ကြီး K – POP စုံတွဲဟာ 2013 ခုနှစ်မှာ စတင်ချိန်းတွေ့ခဲ့ကြပြီး 2018 ခုနှစ် ဖေဖော်ဝါရီလမှာ သီးသန့်အခမ်းအနားတစ်ခုနဲ့ မင်္ဂလာပွဲ ကျင်းပခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ သားဦးလေးကို 2021 ခုနှစ် ဒီဇင်ဘာလမှာ မွှေးဖွားလာခြင်းနဲ့အတူ သူတို့အိမ်ထောင်ရေးမှာ ပျော်ရွှင်မှုများ ပိုမိုများပြားလာစေခဲ့ပါတယ်။
2. After School အဖွဲ့ဝင် Kahi
After School ရဲ့ ခေါင်းဆောင်ဟောင်း Kahi ဟာလဲ 2016 ခုနှစ် မတ်လ 26 ရက်နေ့ Hawaiian မှာ သီးသန့်အခမ်းအနားတစ်ခုနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် Yang Jun Mu လက်ထပ်ခဲ့ကြပါတယ်။ သူတို့စုံတွဲရဲ့ သားဦးဖြစ်တဲ့ Yang No Ah ကို 2016 ခုနှစ် အောက်တိုဘာလ 3 ရက်နေ့မှာ မွေးဖွှားခဲ့ကြပြီး ဒုတိယမြောက် သားဖြစ်သူ၊ Yang Si On ကို ဇွန်လ 16 ရက်၊ 2018 မှာ မွေးဖွှားခဲ့ပါတယ်။
3. EXO အဖွဲ့ဝင် Chen
EXO အဖွဲ့ဝင် Chen ဟာ 2020 ခုနှစ်မှာ သီးသန့်အခမ်းအနားတခုနဲ့ နာမည်ကြီး ကျော်ကြားတဲ့သူ မဟုတ်ဘဲ သာမန် မိန်းကလေးတယောက်နဲ့ စေ့စပ်ကြောင်းလမ်းခဲ့ပါတယ်။ 2020 ခုနှစ် ဇန်နဝါရီလမှာ ခဲ့တဲ့ Chen တို့ အိမ်ထောင်ရေးဟာ 2021 ခုနှစ် ဧပြီလ 29 ရက်နေ့မှာ သူတို့စုံတွဲရဲ့ ပထမသမီးဦးလေး ရောက်ရှိလာပြီး 2022 ခုနှစ် ဇန်နဝါရီလ 19 ရက်နေ့မှာတော့ ဒုတိယမြောက်သားလေးကို မွေးဖွားခဲ့ပါတယ်။ ကလေးမွေးတာတွေ၊ Chen စစ်မှုထမ်းရတာ၊ ကိုဗစ် ကူးစက်ရောဂါ တို့တွေကြောင့် Chen ရဲ့ တရားဝင် လက်ထပ်မင်္ဂလာပွဲကို 2023 ခုနှစ် အောက်တိုဘာလမှ ကျင်းပနိုင်ခဲ့ပါတယ်။
4. T-ARA အဖွဲ့ဝင် Jiyeon
T-ara မှ Jiyeon ဟာ ဘေ့စ်ဘောကြယ်ပွင့် Hwang Jae-gyun နဲ့ 2022 ခုနှစ် ဒီဇင်ဘာလ 10 ရက်နေ့မှာ Shilla Hotel မှာ အခမ်းအနားတခု ကျင်းပပြီး လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်။ အခမ်းအနားကို ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက ဂုဏ်ယူဝမ်းမြောက်စွာ တက်ရောက်ခဲ့ကြပြီး IU နဲ့ Lee Hong Ki တို့က သီဆိုဖျော်ဖြေခဲ့ကြပါသေးတယ်။ ယခုအခါ သူတို့စုံတွဲဟာ တောင်ကိုရီးယားရဲ့ အမြင့်ဆုံး အဆောက်အအုံဖြစ်တဲ့ Lotte World Tower ရှိ တိုက်ခန်းမှာ နေထိုင်ကြပြီး သူတို့ရဲ့ တိုက်ခန်းဟာ
နိုင်ငံအတွင်း ဈေးအကြီးဆုံးနဲ့ နာမည်ကြီး ကျော်ကြားသူတွေ နေထိုင်ရာ ဖြစ်ပါတယ်။
5. iKON အဖွဲ့ဝင် Bobby
iKON မှ Bobby ဟာလဲ 2021 ခုနှစ် ဩဂုတ်လ 20 ရက်နေ့မှာ သူတို့ရဲ့ မင်္ဂလာပွဲနဲ့ သူတို့စုံတွဲရဲ့ သားဦးမကြာမီ ရောက်ရှိလာတော့မယ့် သတင်းကို ကြေညာခဲ့ပါတယ်။ Bobby ဟာ ဩဂုတ်လ 20 ရက်နေ့မှာ ကိုယ်တိုင် လက်ရေးနဲ့ ရေးထားတဲ့ စာကို Instagram တင်ခဲ့တာဖြစ်ပါတယ်။ iKON fans တွေအနေနဲ့လဲ ဒီလိုသတင်းမျိုးကို ရုတ်တရက် ကြားရတဲ့အတွက် အံအားသင့်ခဲ့ကြပေမယ့် သားဦးလေးအတွက် ဂုဏ်ပြုပေးခဲ့ကြပါတယ်။ ဒီစုံတွဲရဲ့ ပထမဦးဆုံး သားဦးလေးကို 2021 ခုနှစ် စက်တင်ဘာလမှာ မွေးဖွားခဲ့ပါတယ်။
ဒီနေ့မှာတော့ လက်ထပ်ပြီး ကိုယ်ပိုင်ဘဝကို ရှာဖွေခဲ့ကြပြီဖြစ်တဲ့ K-pop Idol 5 ယောက် ကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ နောက်ရက်တွေမှာလဲ နောက်ထပ် ကျန်နေသေးတဲ့ 5 ယောက်ကို ဖော်ပြပေးသွားဦးမှာမလို့ စောင့်နေကြပါနော်။
#korea #myanmar #MyanGoal #kpop #Entertainment #Cele







Leave a Reply
You must be logged in to post a comment.