ဒီနေ့မှာတော့ အရင်အပတ်က ပြောပြသွားတဲ့ Incheon မြို့က အရသာရှိတဲ့ စားသောက်ဆိုင်များရဲ့ အဆက်အနေနဲ့ နောက်ထပ် Incheon မြို့က နာမည်ကြီး ခရီးသွားနေရာတွေရဲ့ အရသာရှိတဲ့ စားသောက်ဆိုင်တွေကို ထပ်ပြီးပြောပြလိုက်ပါတယ်ဗျို့။ 🗣️📢
တရုတ်တန်းမှာရှိတဲ့ စားသောက်ဆိုင်များ
Siblihyang (십리향)
လိပ်စာ- 인천 중구 차이나타운로 50-2
50-2 Chinatown-ro, Jung-gu, Incheon
ဆိုင်ဖွင့်ချိန်-12:00-20:00
တရုတ်တန်းရှိ စားသောက်ဆိုင်များတွင် အလွန်တောက်ပပြီး လှပသော အပြင်ပန်းအလှဆင်မှုများရှိသည်။ အနီရောင် အထည်ဝိုင်းများ၊ အလှဆင်ပစ္စည်းများနှင့် ခေတ်ဟောင်း အဆောက်အဦများအပြင် စားသောက်ဆိုင် အပြင်ဘက်တွင် အရုပ်ကြီးများလည်း ရှိသည်။ ဒီဆိုင်ရဲ့ပေါင်မုန့်မှာ မုန့်အရသာလေးမျိုးရှိပါတယ် အသား၊ ပဲနီ၊ ကန်စွန်းဥနဲ့ ရွှေဖရုံသီးတို့ဘဲဖြစ်ပါတယ်။ ပေါင်မုန့်က ထူထဲပြီး အဆာများပါတယ်။ အချိုကြိုက်တဲ့ သူတွေအတွက်ဆို ကန်စွန်းဥအရသာကို စမ်းစားကြည့်သင့်ပါတယ်။ စျေးသက်သာတဲ့အပြင် အရွယ်အစားလဲကြီးတဲ့ တော်တော်လေးတန်ပါတယ်။
Hongdu Yeong (홍두병)
လိပ်စာ- 인천 중구 차이나타운로 48
48 Chinatown-ro, Jung-gu, Incheon
ဆိုင်ဖွင့်ချိန်- တနင်္လာ-သောကြာ 10:30-20:30
စနေ-တနင်္ဂနွေ- 10:00-21:00
Hongdubyeong (홍두병) ကတော့ တရုတ်တန်းမှာရှိတဲ့ နောက်ထပ်နာမည်ကြီးဆိုင်တခုဖြစ်ပါတယ်။ ဒီဆိုင်က ကိတ်မုန့်ဝယ်ဖို့ တန်းစီရလောက်အောင် လူသိများပြီး ပဲနီ၊ ချောကလက်၊ ခရင်မ်ချိစ်၊ သရက်သီး စတဲ့ အရသာတွေရှိပါတယ်။ လတ်လတ်ဆတ်ဆတ်လုပ်ထားတဲ့ ပူပူနွေးနွေးကိတ်က အနံ့အရသာပြည့်စုံတဲ့အပြင် နူးလဲနူးညံ့ပါတယ်။
Yanjing (연경)
လိပ်စာ- 인천 중구 차이나타운로 41
41 Chinatown-ro, Jung-gu, Incheon
ဆိုင်ဖွင့်ချိန်- 10:30-21:30 နောက်ဆုံးအော်ဒါမှာရန် 21:00
ဒီဆိုင်ရဲ့ jjajangmyeon ကတော့ smocky ကြက်သွန်နီနှင့် ဝက်သားကို အပေါ်မှာထည့်ထားပေးပါတယ်။ Menbosha ကတော့ အနည်းငယ်စျေးကြီးပေမယ့် စမ်းစားကြည့်သင့်ပါတယ်။
Sinpo International စျေးကစားသောက်ဆိုင်များ
Sinpo Dakgangjeong (원조신포닭강정)
လိပ်စာ- 인천 중구 우현로49번길 3
3 Woohyeon-ro 49beon-gil၊ Jung-gu၊ အင်ချွန်း
ဆိုင်ဖွင့်ချိန်- အင်္ဂါ-တနင်္ဂနွေ 10:30-21:30
Sinpo International စျေးကိုရောက်လို့ ဘာစားရမှန်းမသိရင် ဒီဆိုင်ရဲ့ အကျော်ကြားဆုံး ဟင်းလျာဖြစ်တဲ့ ချိုချဉ်စပ် ကြက်သားကြော်ကို မြည်းကြည့်သင့်ပါတယ်။ dakgangjeong မှာ တန်းစီနေတဲ့ လူအရေအတွက်က ဒီဆိုင်က ဘယ်လောက်နာမည်ကြီးလဲ သက်သေပြနေပါတယ်။ ဆိုင်သက်တမ်းကလဲ ၃၆ နှစ်ရှိပြီဖြစ်ပါတယ်။ ဒါပေမယ့် မှာတဲ့အခါကျရင်တော့ အချိန်အကြာကြီး မယူတဲ့အတွက် စောင့်ရမှာ စိတ်ပူစရာ မလိုပါဘူး။ စားသောက်ဆိုင်ရဲ့ မီနူးကတော့ နှစ်မျိုးတည်းသာရှိပြီး ရိုးရိုးကြက်သားကြော်နဲ့ အစပ်ကြက်သားကြော် တို့ဖြစ်ပါတယ်။
Yoosung Bunsik (유성분식)
လိပ်စာ- 인천 중구 우현로49번길 6
6 Woohyeon-ro 49beon-gil၊ Jung-gu၊ အင်ချွန်း
ဆိုင်ဖွင့်ချိန်- 09:00-21:30
Yoosung Bunsik (유성분식) မှာ အကြော်အလှော်တွေ၊ ၊ kimbap နှင့် tteokbokki တို့လိုမျိုး ကိုရီးယားရိုးရာ သရေစာတွေ အဓိကရပါတယ်။ အရသာမျိုးစုံ မြည်းစမ်းနိုင်ပြီး စျေးနှုန်းတွေကလဲ ဝမ် 1,000 တာရှိတာကြောင့် အရမ်းတန်တဲ့ဈေးနဲ့ ရိုးရာသရေစာတို့ကို စားလို့ရပါတယ်။
Sandong Mandu (산동만두)
လိပ်စာ- 인천 중구 우현로49번길 33
33 Woohyeon-ro 49beon-gil၊ Jung-gu၊ အင်ချွန်း
ဆိုင်ဖွင့်ချိန်- 08:30-22:00
Sinpo International စျေးဟာ နိုင်ငံတကာဈေးကွက်ဖြစ်လို့ နိုင်ငံခြားအစားအစာတွေလည်း ပေါများတယ်။ Sandong ဖက်ထုပ်ကတော့ နှစ်ပေါင်း ၄၀ ကျော် လည်ပတ်ခဲ့တဲ့ နာမည်ကြီး တရုတ်စားသောက်ဆိုင်တစ်ခုဖြစ်ပါ။ Gonggalppang (공갈빵) ကတော့ ဒီစားသောက်ဆိုင်မှာ နာမည်အကြီးဆုံး ဟင်းဖြစ်ပါတယ်။
Sinpo Uri Mandu (신포우리만두)
လိပ်စာ- 인천 중구 제물량로166번길 29
29 Jemulryang-ro 166beon-gil, Jung-gu, Incheon
ဆိုင်ဖွင့်ချိန်- 10:00-21:00
ဒီနာမည်ကြီး ဖက်ထုပ်ဆိုင်ဟာ ကိုရီးယားတစ်ဝှမ်းမှာ နေရာစုံရှိပေမယ့် အဓိက ဆိုင်ခွဲကတော့ Sinpo International စျေးမှာ တည်ရှိပါတယ်။ ဒီဆိုင်ရဲ့ set menu မှာ ဖက်ထုပ် နဲ့ jjolmyeon (쫄면) တို့ ပါဝင်ပြီး ဝက်သားကင်ချီ နဲ့ ပုဇွန် ဖက်ထုပ်တွေအပြင် ခပ်စပ်စပ်လုပ်ထားတဲ့ ခေါက်ဆွဲ ကတော့ ဒီနေရာ မှာ လူကြိုက်များပါတယ်။ ကိုရီးယားရိုးရာ ဖက်ထုပ်တွေကို ကြိုက်တယ်ဆိုရင် ဒီဆိုင်ကို သွားစားကြည့်သင့်ပါတယ်။
#myangoal #Myanmar #foods #incheon #restaurant #chinatown







Leave a Reply
You must be logged in to post a comment.