Galaxy Quantum 5ဆိုပြီး ထုတ်မယ့် Samsung

တောင်ကိုရီးယားအတွက် သီးသန့် ထုတ်ထားတဲ့ ကွမ်တမ်လုံခြုံရေးမြှင့်တင်ထားတဲ့ Samsung ဖုန်းထပ်ထွက်ပါမယ်။
ပြီးခဲ့တဲ့အပတ်က Samsung က သူတို့ရဲ့ ကိုရီးယားအခြေစိုက်ဖြစ်တဲ့ Smart ဖုန်းတွေကို လုံးခြုံရေး မြှင့်တင်ဖို့ Galaxy Quantum 5 လို့ ခေါ်တဲ့ ဖုန်းတွေကိုရောင်းချတော့မယ်လို့ သတင်းလွှင့်ခဲ့ပါတယ်။
Samsung က Quantum 5 ဖုန်းအတွက် ကွမ်တမ် cryptographic chip ထုတ်လုပ်တဲ့ ID Quantique (IDQ) နဲ့ ပူးပေါင်းပြီး ထုတ်လုပ်တာဖြစ်ပါတယ်။
network အနေနဲ့ တောင်ကိုရီးယားအော်ပရေတာ SK Telecom နဲ့ လက်တွဲထားပြီး SK Telecom ကွန်ရက်အတွက် exclusive ထုတ်ထားတာ ဖြစ်လို့ တောင်ကိုရီးယားပြင်ပမှာ ဝယ်လို့ရမှာတော့ မဟုတ်ပါဘူး။
Galaxy Quantum 5 ကို Awesome Ice Blue , Awesome Lilac နဲ့ Awesome Navy သုံးရောင်နဲ့ လာပြီး ကိုရီးယားဝမ် ၆၁၈၂၀၀ ဈေးနဲ့ ရောင်းချသွားမယ်လို့ သတင်းထွက်နေပါတယ်။
MyanGoal မှာ ရောင်းပြီဆိုရင်လည်း တင်ပေးသွားမှာဖြစ်လို့ Security ပိုင်းနဲ့ပတ်သက်ပြီး လုံခြုံစိတ်ချချင်ရင် ဝယ်ထားဖို့ အကြံပေးပါရစေနော်။

Latest