ကိုရီးယားနှစ်သစ်ကူးပွဲတော် ဆိုတာဘာလဲ ?

MyanGoal အစဉ်အမြဲ အားပေး‌‌နေကြတဲ့ followers အားလုံးဘဲ Merry Christmas ပါ။ 🎄☃️✨
မကြာခင်မှာ နှစ်သစ်ကူးတော့မှာ ဖြစ်ပြီး ကိုရီးမှာလဲ ရိုးရာနှစ်ကူးနေ့ရှိပါတယ်။ ဒါဆိုကိုရီးယားနှစ်သစ်ကူးပွဲတော် ဆိုတာဘာလဲ ?
ကိုရီးယားလူမျိုးတွေဟာ သုံးရက်ကြာကျင်းပတဲ့ အမျိုးသားအားလပ်ရက်ဖြစ်တဲ့ Seollal ကို နှစ်စဥ်နှစ်တိုင်း ကျင်းပလေ့ ရှိကြပါတယ်။ ကိုရီးယားလူမျိုးတွေအနေနဲ့ အမွေအနှစ်ကို ထိန်းသိမ်းတဲ့အပြင် ကိုရီးယားတစ်နိုင်ငံလုံး ကျင်းပြကြတဲ့ ပွဲတော်အချိန်အခါလဲ ဖြစ်ပါတယ်။ ဒီကာလမှာ မိဘတွေနဲ့ တခြားဆွေမျိုးတွေဆီ သွားရောက်လည်ပတ်ဖို့ ကိုယ့်ရဲ့မွေးရပ်မြေကိုလဲ ပြန်သွားကြလေ့ရှရှိပါတယ်။ နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့ ကိုရီးယားလူမျိုးတွေဆိုလဲ မိခင်နိုင်ငံကို မပြန်နိုင်ရင်တောင် ဒီအားလပ်ရက်ကို ကျင်းပကြပါတယ်။ ဒီပွဲတော်ကို တောင်ကိုးရီးယားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံစလုံး အားလပ်ရက်အနေနဲ့ ကျင်းပကြပါတယ်။
ကိုရီးယားနှစ်သစ်ကူးပွဲတော်ကို lunisolar ပြက္ခဒိန် (လပြက္ခဒိန်) ပေါ်မူတည်ပြီး ဇန်န၀ါရီလ ဒါမှမဟုတ် ဖေဖော်ဝါရီမှာ ကျင်းပတာဖြစ်ပါတယ်။ ပွဲတော်ကို နှစ်သစ်ကူးမတိုင်ခင်ရက်နဲ့ နှစ်သစ်ကူးပြီး နောက်တစ်ရက်ကိုပါ ကျင်းပတာကြောင့် သုံးရက်တိုင်တိုင် ကျင်းပတာဖြစ်ပါတယ်။
ပွဲတော်ကာလအတွင်း အမျိုးသား၊ အမျိုးသမီးတွေဟာ အခမ်းအနားအတွက် ကိုရီးယားရိုးရာဝတ်စုံ(Hanbok)ကို ဝတ်ဆင်ကြပြီး သက်ကြီးရွယ်အိုတွေကို sebae လို့ခေါ်တဲ့ ရိုးရာကန်တော့နည်းအတိုင်း ကန်တော့ကြတာ ဖြစ်ပါတယ်။ ကန်တော့တဲ့ အချိန်မှာ “Sae hae mahnee badeuseyo” – “နှစ်သစ်မှာ ကောင်းချီးများစွာ ခံယူပါ” ဆိုပြီး ကန်တော့ကြတာ ဖြစ်ပါတယ်။ လူကြီးတွေကလဲ ကန်တော့တဲ့ လူတွေကို bok jumoni လို့ခေါ်တဲ့ ပိုက်ဆံထည့်ထားတဲ့ အိတ်ကလေးတွေကို ပြန်ပေးကြပါတယ်။ ဒီလိုမျိုးက ကျွန်တော်တို့ မြန်မာတွေ သီတင်းကျွတ်မှာ သက်ကြီးရယ်အိုတွေကို ကန်တော့ပြီး မုန့်ဖို့းပြန်ပေးတာမျိုးနဲ့ ဆင်တူပါတယ်။
Seolllal ရဲ့ အဓိကအစားအစာကတော့ ဆန်ကိတ်စွပ်ပြုတ်ဖြစ်ပြီး ဒီအားလပ်ရက်အတွက် တစ်နှစ်မှာ တစ်ကြိမ်သာ စားကြလေ့ရှိပါတယ်။ ဒီစွပ်ပြုတ်ကို စားသောက်ခြင်းဖြင့် တစ်နှစ်ပတ်လုံး ကံကောင်းခြင်းတွေ ရရှိပြီး အသက်တစ်နှစ်ကြီးသွားပြီဆိုတဲ့ အဓိပ္ပါယ်နဲ့ စားကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဘိုးဘွားတွေကို ကန်တော့ဖို့အတွက် jesa table လို့ခေါ်တဲ့ အခမ်းအနားပွဲတွေမှာ အသုံးပြုတဲ့ စားပွဲကိုလဲ ပြုလုပ်ကြပါသေးတယ်။
ဒီလိုရက်မျိုးမှာ စားသောက်ကြတဲ့အခါ မပါမဖြစ်စားကြတဲ့ အစားအစာတွေရှိသလို Yaksik (약식၊ အခွံမာသီးနဲ့ သစ်သီးတွေပါတဲ့ ဆန်ချို)၊ Sujeonggwa (수정과၊ သစ်ကြံပိုးခေါက်နဲ့ဂျင်း အချိုရည်)၊ Sikhye (식혜၊ ဆန်ချိုအေး) တို့ကိုလဲ သရေစာအဖြစ် အချိုတည်းကြတဲ့အပြင် လက်ဆောင်အဖြစ်လဲ ပေးကြပါသေးတယ်။
ဒီပွဲတော်ကာလမှာ Yutnori လို့ခေါ်တဲ့ သစ်သားချောင်းလေးချောင်းနဲ့ ဆော့ရတဲ့ ရိုးရာကစားနည်းကိုလဲ မိသားစုလိုက် ဆော့ကစားကြပါတယ်။ ဒီလိုကစားနည်းမျိုးတွေ ကစားရင်း မိသားစု၊ ဆွေမျိုးတွေနဲ့အတူ ကိုယ့်ရဲ့မွေးရပ်မြေမှာ အမှတ်တရကောင်းများစွာနဲ့ အားလပ်ရက်ကို ပျော်ရွှင်စွာ ဖြတ်သန်းကြပါတယ်။
#seollal #myangoal #korea #Myanmar #newyear


Latest