Notification ဝင်လာတာနဲ့ မီးလင်းလာအောင်လုပ်နည်း

Notification ဝင်လာတာနဲ့ မီးလင်းလာအောင်လုပ်နည်း

Notification တွေဝင်လာတဲ့အခါ တစ်ခါတစ်လေ Silent လုပ်ထားတာတွေရှိမှာပါ။ ဒီလိုလုပ်ထားတဲ့အခါ အရေးကြီးတဲ့ Message တွေဆို လွတ်သွားမှာပေါ့နော်။

ဒီလိုမျိုး မလွတ်သွားအောင် Samsung ဖုန်းတွေမှာ Notification ဝင်လာတာနဲ့ FlashLight လေးလင်းလာအောင်လုပ်ထားလို့ရနိုင်ပါတယ်။

FlashLight လင်းဖို့ဆိုရင်တော့ အရင်ဆုံး Settings ထဲက Accessibility ထဲကိုဝင်ပါ။ Advanced settings  ထဲဝင်။ Flash notification မှာ Camera Flash Notification ကို On ထားလိုက်ရင်ရပြီ။

မီးလေးနဲ့ လင်းတာနဲ့ Message ဝင်တာမှန်းသိပြီမို့လို့ အသုံးဝင်လာမှာပါ။


Latest